ကိုယ့်အာရုံနဲ့ကိုယ် လှုပ်ရှားသွားလာနေကြတဲ့လူတွေ၊
တဖြုတ်ဖြုတ်ကြွေကျနေတဲ့ သစ်ရွက်ဝါဝါတွေ၊ ခြေရာတွေထပ်နေတဲ့ လမ်းသွယ်လေးတွေ၊ ဘဝဟူသောခရီးရှည်ကြီးရဲ့လမ်းခုလတ်မှာ Baekhyun က အချစ်ဟူသောအရာကို တွေ့ကြုံဖူးပြီလည်းဖြစ်သည်၊၊

'' ကျွန်တော်တို့ ဘယ်ကို ဘယ်သွားကြမလဲ ? ''

'' ဘယ်ကို သွားချင်တာလဲ ? ''

'' ဘယ်ကိုပဲ ရောက်ရောက်ပေါ့ .. ''

'' ဒါဖြင့်လည်း သွားချင်တဲ့လမ်းကိုသာ သွားပေါ့ ''

Chanyeol စကားအဆုံးမှာ သူတို့နှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မောလိုက်ကြသည်၊

'' အဲ့စာအုပ်ဖတ်ဖူးတယ်လား?
အဲ့စကားလေးခွန်းက ထူးဆန်းသောတိုင်းပြည်မှ အဲလစ်၏စွန့်စားခန်းများ စာအုပ်ထဲကလေ ''

Chanyeol ခေါင်းငြိမ့်ပြလိုက်ပြီး Baekhyun ရဲ့လက်ကို ဆုပ်ကိုင်လိုက်သည်။

'' တောင်းပန်ပါတယ်...မင်းကို နှင်မိခဲ့လို့၊ မင်းမလုပ်ဘူးဆိုတာ ကိုယ်သိပါတယ်၊ တကယ့်တရားခံကို စုံထောက်တွေ လွတ်သွားမှာစိုးလို့..ပြီးတော့ မင်းကိုပါဆက်နွယ်လာပါစိုးလို့ပါ ''

Chanyeol ခခယယပြောလေတော့ Baekhyun က ဆရာကြီးစတိုင်ဖြင့်လက်ပိုက်ကာ Chanyeol ကိုခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ ထုံးစံအတိုင်း မျက်နှာကိုတမင်မဲ့ပြထားသေးသည်။

'' ဒီလိုတောင်းပန်ရုံလေးနဲ့ ကျွန်တော်ကစိတ်ဆိုးပြေရမယ်ပေါ့ ဟုတ်လား? ကျွန်တော့်ကို အဝတ်အထည်ကိုယ်တစ်ခုနဲ့ နှင်ချတုန်းကနှင်ချပြီးတော့ ''

'' ဒါဆို ကိုယ့်ကိုလက်ထပ်လိုက်လေ၊ ကိုယ်တစ်သက်လုံး မင်းကို အိမ်ပေါ်ခေါ်တင်ထားမယ် ''

'' ဪတော်တော်နစ်နာသွားဦးမယ် Park Chanyeol သွား ! အခုချက်ချင်း ကျွန်တော့်ရှေ့က ထွက်သွား ! ''

သူ့ကိုအော်မိလို့ ပြန်ကလဲ့စားချေလေသလားလို့ ထင်ရအောင် အော်ဟစ်ကာနှင်ထုတ်နေသည့် Baekhyun ကြောင့် Chanyeol မျက်နှာငယ်လေးဖြင့် ကျောခိုင်းလိုက်သည်။

ရုပ်ရှင်တွေထဲကလို Baekhyun သူ့နာမည်ကို ပြန်ခေါ်မည်အထင်နဲ့ ခြေလှမ်းငါးလှမ်းလောက်ကို ဖြည်းဖြည်းချင်းလျှောက်နေသော်လည်း ဘာခေါ်သံကိုမှမကြားရ။

HIGER [COMPLETED] Waar verhalen tot leven komen. Ontdek het nu