ထိုတရားခံကို မမိသေးသရွေ့ Chan ရဲ့ပါးချိုင့်လေးကို
မြင်ခွင့်ရဦးမှာမဟုတ်။

...

အရေးကြီးသည့် စာရင်းအင်းတွေကိုစစ်ဆေးနေတုန်း ဝုန်းခနဲ တံခါးဖွင့်သံကိုကြားလိုက်တာကြောင့် Chanyeol မျက်လုံးလှန်ကာကြည့်လိုက်သည်။

ဒေါသထွက်နေတဲ့ ကောင်လေးတစ်ယောက်။

လက်နှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ထားပြီး Chanyeol ကို
ဆွဲထိုးတော့မည့်မျက်နှာထားနဲ့ ကောင်လေး။

တိတိကျကျပြောရမယ်ဆိုရင်
Baekhyunကို တစ်ဖက်သတ် ချစ်နေသည့် Baekhyun ရဲ့တစ်ဦးတည်းသောသူငယ်ချင်း Martin

'' MD Park နဲ့တွေ့မယ်ဆိုပြီး အတင်းဝင်လာတာပါ ၊
ကျွန်မတောင်းပန်ပါတယ်၊အခုချက်ချင်း ဆွဲထုတ်လိုက်ပါမယ်''

Martin ရဲ့နောက်ကနေမှ Chanyeol အတွင်းရေးမှူးက အမြန်ပြေးဝင်လာပြီး တောင်းပန်စကား တတွတ်တွတ်ပြောကာ ရုံးခန်းထဲကိုအတင်းဝင်သွားသည့် Martin ကိုဆွဲထုတ်ရန်ပြင်နေသည်။

'' ရတယ်၊သူ့ကို ဒီတိုင်းထားပြီး အပြင်ထွက်တော့ ''

Chanyeol ကလုပ်လက်စ စာရင်းဖိုင်တွဲတွေကို
ခဏပိတ်လိုက်ပြီး ထိုင်နေရာကနေ ထလိုက်သည်၊၊

'' မတွေ့တာ ကြာပြီနော် Martin ''

'' Baekhyun ကိုနှင်ထုတ်လိုက်တယ်ဆို ''

'' အင်းလေ...ကြာပေါ့ .. အခုမှသိတာလား ? ''

'' Park Chanyeol ! ! ! ''

မျက်နှာပေါ်သို့ ကျရောက်လုဆဲဆဲ Martin ရဲ့လက်သီးဆုပ်တစ်ဖက်ကို Chanyeol လက်တစ်ဖက်တည်းဖြင့် ချုပ်ကိုင်ကာ ခပ်ထေ့ထေ့ စိုက်ကြည့်လိုက်သည်။

'' ငါသာ သူ့ကိုမနှင်ရင် ဒီပြဿနာတွေထဲ ဆက်နွယ်လာမယ်ဆိုတာ မင်းမသိဘူးလား ?စုံထောက်တွေက တကယ့် တရားခံအစစ်ကိုမရှာဘဲ Kyoong ကို အရည်မရအဖတ်မရ မေးခွန်းတွေချည်းပဲ စစ်မေးနေမှာ၊ အဲ့ကျရင် တကယ့်လူသတ်သမားက စုံထောက်တွေသံသယရှိနေတဲ့ Kyoong ကို အပြစ်လွှဲချဖို့ သက်သေအတုတွေဖန်တီးလိုက်နိုင်တယ်၊ ရေတိုကိုမကြည့်ဘဲ ရေရှည်ကိုကြည့်စမ်းပါ! အခု ငါလုပ်နေတာတွေအကုန်လုံးက သူ့ကိုကာကွယ်ဖို့အတွက်ပဲ ''

HIGER [COMPLETED] Where stories live. Discover now