ဒီတိုင်းလေးလဲလည်း ဘာဖြစ်မှာမို့လို့လဲ?

အလိုက်တသိပင် ကျောခိုင်းပေးဦးမှာကို။

ထွေးပွေ့ချင်တဲ့ စိတ်မထိန်းရင်တောင် အလွန်ဆုံး
ဆွဲဖက်မိရုံလေးပဲကို။

ရေချိုးခန်းတံခါးဖွင့်သံကြားတော့ Chanyeol လှည့်ကြည့်လိုက်သည်၊ သူ့ရဲ့ရှပ်အကျႌလေးက Baekhyun ရဲ့ကိုယ်ပေါ်မှာ ကွက်တိကျစွာ လိုက်ဖက်နေ၏။

'' ဘာတွေကို အဲ့လောက်ကြည့်နေမှန်းကို မသိဘူး ''

ရပ်ကြည့်နေတဲ့ Chanyeol ကို တမင်ဝင်တိုက်ပြီး စာရေးခုံပေါ်မှာ တင်ထားတဲ့စာအုပ်တွေကို လွယ်အိတ်ထဲသို့ ပြောင်းထည့်လိုက်သည်။

'' necktie မစည်းဘူးလား Kyoong ? ''

Chanyeol သတိထားမိတာ နည်းနည်းတော့ကြာပြီဖြစ်သည်။ Baekhyunသည် တခြားကျောင်းသားတွေလိုမဟုတ် necktie စည်းလေ့စည်းထမရှိ၊၊ တစ်ခါတလေဆို ကြယ်သီးနှစ်လုံးလောက် ဖြုတ်ထားတတ်သေးသည်။

'' မစည်းတတ်ဘူး ''

ခပ်ပေါ့ပေါ့အဖြေပေးကာ လွယ်အိတ်လွယ်ပြီး အခန်းထဲကနေ ထွက်သွားရန်ပြင်နေသော Baekhyun ရဲ့လက်ကို Chanyeol လှမ်းဆွဲလိုက်သည်။

'' ကိုယ်လုပ်ပေးမယ် "

တစ်စက္ကန့်တောင် မဆိုင်းဘဲ သူ့အကျႌက necktie ကိုဖြုတ်လိုက်ပြီး Baekhyun ကိုငုံ့ကြည့်လိုက်သည်။

ရှပ်အကျႌရဲ့ ကော်လံအောက်မှာ necktie အစိမ်းရင့်ရောင်လေးက သေသပ်စွာစည်းနှောင်လိုက်ပြီး Baekhyun
မွန်းကြပ်မှုမရှိရအောင် အသက်ရှူချောင်စေရန် အနည်းငယ်မျှ လျော့ရဲရဲစည်းပေးလိုက်သည်။

Baekhyun ကခေါင်းငုံ့ကာ necktie စည်းပေးတာကို ကြည့်နေရာက မော့ကြည့်လိုက်တော့ Chanyeol ၏မျက်လုံး ဝိုင်းဝိုင်းလေးတွေနဲ့ တည့်တည့်တိုးသည်။

'' ကိုယ်အပြင်က စောင့်နေမယ် ''

စာရွက်စာတမ်းတွေနဲ့ ကုတ်အကျႌအနက်ရောင်ကိုယူပြီး Chanyeol က အခန်းထဲကနေ ဦးစွာထွက်သွားသည်။

Chanyeol ထွက်သွားတော့မှ Baekhyun လည်းမှန်ရှေ့မှာရပ်ကာ ကိုယ့်ပုံစံကိုကြည့်လိုက်သည်။

ဘဝမှာ ပထမဦးဆုံးအကြိမ် necktie စည်းခြင်းဖြစ်ပြီး စည်းပေးတဲ့သူကလည်း Park Chanyeol ပင်ဖြစ်သည်။

HIGER [COMPLETED] Where stories live. Discover now