°°°°°

နောက်တစ်ခေါက် Mr ဆယ်ဟွန်းကိုခေါ်တွေ့တော့ ကလေးမလေးဆုံးသွားပြီဆိုတဲ့အကြောင်း
ကိုတင်ပြဖြစ်သည်...။
တင်ပြလို့ပြီးစီးလို့ဆယ်ဟွန်း
ထိုအခန်းထဲကထွက်တာနဲ့
Mr ကသူ့လူတစ်ယောက်ကို
ဆယ်ဟွန်းနောက်လိုက်ဖို့
အချက်ပေးလိုက်သည်...။
အခန်းထဲကျန်ခဲ့တဲ့ Mr ကတော့
သက်ပြင်းချလျက်...။
ဆယ်ဟွန်းက
သူယုံကြည်ရတဲ့လူယုံတစ်ယောက်ဖြစ်ပေမယ့် ဒီတလောထဲ
ဆယ်ဟွန်းခြေလှမ်းတွေပျက်နေ
လို့လူလွှတ်စုံစမ်းခိုင်းထား
ရတာ....။
မသင်္ကာလို့သာစုံစမ်းခိုင်းထား
ရတယ်...။
တကယ်တော့သူလည်းဆယ်ဟွန်းဘာမှမဖြစ်ပါဘူး...သူအထင်မှားနေတာပါဆိုတဲ့အဖြေကို
ပဲမျှော်လင့်နေတာ....။
နှစ်တွေအကြာကြီးယုံကြည်ပြီး
လက်တွဲလာခဲ့တဲ့လူယုံတစ်ယောက်ကိုတော့သူလက်မလွှတ်
နိုင်ဘူးလေ...။

°°°°°

ဂျွန်မြောင်နဲ့ဆယ်ဟွန်းတို့နှစ်ယောက်သား cafe ဆိုင်တစ်ဆိုင်
မှာပြုံးပြုံးပျော်ပျော်စကားပြော
နေသည်ကိုတစ်နေရာကနေ
လူတစ်ယောက်စောင့်ကြည့်
နေသည်...။
သူ့လက်ထဲကဖုန်းနဲ့လည်း
ထိုမြင်ကွင်းကိုတဖျတ်ဖျတ်
မှတ်တမ်းယူရင်း...။
ထိုအချိန်ဆယ်ဟွန်းတို့အနား
ကိုလူတစ်ယောက်ရောက်
လာသည်...။
ထိုလူကအခြားသူမဟုတ်ဘဲ
ချွဲမင်ဟိုသာ...။
နဂိုကပြုံးပျော်ရင်းစကားတွေ
ပြောနေသောဆယ်ဟွန်းက
အနားကိုမင်ဟိုရောက်လာတော့
အပြုံးတွေပျောက်ကုန်သည်...။
သူတို့ကိုစောင့်ကြည့်နေသော
တစ်စုံတစ်ယောက်ကထိုမြင်ကွင်း
ကိုလည်းအမိအရမှတ်တမ်းတင်
ရင်း....

"အော်....အိုဆယ်ဟွန်းလည်း
ရှိနေတာပဲ...ငါငယ့်ကို
ခေါ်သွားလို့ဖြစ်တယ်မလား..."

"ခေါ်ချင်ရင်ခေါ်သွားပေါ့..
မင်းသဘောပဲလေ.."

အစ်ကိုပြောသည်ကိုဆယ်ဟွန်း
ကဘုဆတ်ဆတ်ပြန်ပြောကာ
တစ်ဖက်ကိုလှည့်သွားသည်...။
အစ်ကိုကလည်းထိုအရာကို
ကြည့်ပြီးရယ်နေသလားလို့ပါ...။
ဒီနှစ်ယောက်ဟာဘယ်လို
ပတ်သတ်လဲဆိုတာတရက်ရက်
တော့မေးပါဦးမယ်...။
သူတို့နှစ်ယောက်ကိုစတွေ့က
တည်းကထူးဆန်းနေတာ...။

မင်း!...[COMPLETED]Where stories live. Discover now