"ဟေး...စားလို့ရပြီ.."
နှစ်ယောက်သားစကားကောင်း
နေကြတုန်းမီးဖိုထဲက hyung
ကလှမ်းအော်လာသည်...။."အော...hyung ခေါ်နေပြီ..
သွားကြမယ် minho hyung"......
စားပွဲအပြည့်ချထားတဲ့ဟင်း
ပန်းကန်တွေကိုကြည့်ရင်းမင်ဟို
အံ့သြောနေမိသည်...။"ဝါး....ငယ်ကအများကြီးချက်
ထားတာပဲ...""ဟီး..အစ်ကို့ ကိုစားစေချင်
လို့လေ..များများထည့်စား
နော..အစ်ကို..."ဆိုပြီး ငယ်ကကျွန်တော့်
ပန်းကန်ထဲကိုအသားဖက်
တစ်ဖက်ထည့်ပေးသည်..။"ရော့...အရွက်ကြော်လေးလည်း
စား...နောက်ပြီး......ဂင်မ်ချီ
ရော.."ငယ်ကတစ်ခုပြီးတစ်ခု တစ်ခုပြီး
တစ်ခုထည့်ပေးလိုက်တာ
မင်ဟိုပန်းကန်ထဲမှာ ဟင်းတွေမှ
အပြည့်အမှောက်လိုက်ကြီး...။"အဟမ်း..အဟမ်း..hyung
နော်...ဒီဘေးမှာထိုင်နေတဲ့
ကျွန်တော့်ကိုရှိမှန်းတောင်သိ
သေးရဲ့လား...minho
hyung ကိုချည်းပဲထည့်ထား
ပေးလိုက်တာများ..."ဂျုံအင်ရဲ့ရွတ်နောက်နောက်
စကားကြောင့် မင်ဟိုမှာ
စားလက်စတွေသီးပြီးတဟွတ်ဟွတ်တွေဖြစ်လို့...။"ငယ်လေးနော်...စားစရာရှိတာ
ရှိတာစား...ရှေ့မှာရှိနေတဲ့
ပန်းကန်ထဲကနေကိုယ်တိုင်
ယူစားပါလား...အစ်ကို က
တစ်ခါတစ်လေမှလာတဲ့
ဧည့်သည်ကို....မင်းနဲ့က
မတွေ့ချင်မှအဆုံးတွေ့နေရတာ
လေ...""ဟွန့်..စားမှာပါ စားမှာပါနော်..
သူ့ချစ်ချစ်ရောက်လာတော့
ညီအရင်းခေါက်ခေါက်ကိုတောင်
ပစ်ပြီပေါ့လေ...ဟွန်း..."ဆောင့်ကြီးအောင့်ကြီးနဲ့ထမင်း
တစ်လုတ်ကိုပါးစပ်ထဲထိုးသွင်း
ကာဂျွန်မြောင်ကိုမဲ့ရွဲ့ကြည့်ရင်း
စားနေသောဂျုံအင်တို့နှစ်ယောက်
ကိုကြည့်ပြီး မင်ဟိုရင်ထဲ
ပျောက်ဆုံးနေခဲ့တာကြာပြီဖြစ်
သောနွေးထွေးမှုကိုပြန်လည်
ခံစားလာရသည်...။
သူ ဒီလိုမိသားစုထမင်းဝိုင်းလေး
နဲ့အလှမ်းဝေးနေခဲ့တာကြာပြီ
မဟုတ်လား...။
အခုလိုစနောက်ပြီးပျော်ရွှင်နေဖို့
ဆိုတာဝေလာဝေး...။
အမြဲ ဒုစရိုက်တွေကိုကြီးကြပ်နေ
ရတဲ့ဂိုဏ်းခေါင်းဆောင်အလုပ်
ကိုပဲလုပ်ခဲ့ရတာလေ...။
လက်အောက်ငယ်သားတွေက
ဂရုစိုက်တယ်ထားဦး...။
အဲဒါက အပေါ်ယံသက်သက်တွေ
ချည်းပဲ...။
စိတ်ပါသည်ဖြစ်စေ မပါသည်
ဖြစ်စေ အထက်လူကြီးရဲ့
အမိန့်ကိုမလွန်ဆန်နိုင်လို့သာ
လုပ်နေကြရတဲ့လူတွေမလား..။
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ...
အခု ငယ်နဲ့တွေ့ရတာကကိုယ့်
အတွက်ဘုရားကပေးတဲ့
အကြီးမားဆုံးလက်ဆောင်ပါပဲ..။
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...