" ဒီကောင်လေး!! " ရီကျန်းက ရုတ်တရက်အော်လိုက်မိ၏။

သန္ဓသေား လှုပ်ရှားမှုဟာ ပုံစံဖြစ်နေကြပင်။

ကိုယ်ဝန်၅လကျော်ပြီးနောက်ပိုင်းတွင် ရီကျန်းရဲ့ဗိုက်ထဲက ကောင်ဆိုးလေးက အရမ်ူလှုပ်ရှားလာခဲ့လေတယ်။ သူမရဲ့ဗိုက်ပိုပူလာသည်နှင့်အမျှ ကလေးက ပိုလှုပ်ရှားလာလေသည်။ ဆရာဝန်တွေ ကိုယ်တိုင်က သူမရဲ့ကလေးဟာ ကျန်းမာတဲ့လူဆိုးလေးဟု ပြောတတ်ကြ၏။

ရီကျန်းသည် လုပေရွှမ်းရဲ့လက်အား ကလေးက သူမဗိုက်ကို ကန်နေသည့်နေရာပေါ်တွင် တင်ပေးလိုက်လေတယ်။
" ခံစားမိလား။ ရှင့်သား အထဲမှာ သောင်းကျန်းနေတာကို။ ဒီကောင်လေးသာ ကြီးလာရင် လုအိမ်ထဲမှာ ဗြောင်းဆန်နေတော့မယ် "

ထိုအခါ လုပေရွှမ်းသည်  " သူအရမ်းဗြောင်းဆန်အောင် လုပ်တဲ့ချိန်ကြရင် ကိုယ် ဆုံးမပါ့မယ် "

ထိုချိန်၌ ဗိုက်ထဲမှကလေးက ထပ်ကန်ပြန်၏။

ရီကျန်းသည် ယခုအခြေအနေတွင် ရယ်ရခက် ငိုရခက် ဖြစ်နေခဲ့ပြီး " သူ့ကို ဆုံးမမယ့်အကြောင်းတို့၊ အပြစ်ပေးမယ့်အကြောင်းတို့ မပြောပါနဲ့ မဟုတ်ရင် သူက အရမ်းကန်...  "

ရီကျန်းသည် သူမရဲ့စကားမဆုံးလောက်ခင်မှာပဲ သူမခန္ဓာကိုယ်ရဲ့အောက်ပိုင်းဟာ ဆိုးရွားစွာနာကျင်လာခဲ့လေတယ်။ ရီကျန်းဟာ မျက်မှောင်ကျုံ့သွားခဲ့ပြီး လုပေရွှမ်းရဲ့လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း  " ပေရွှမ်း... ကျွန်မဗိုက်... အရမ်းနာ... "

ထိုအခါ လုပေရွှမ်းသည် ရီကျန်းရဲ့နာကျင်မှုကို ထပ်တူထပ်မျှ ခံစားမိလိုက်ပေသည်။
" မကြောက်နဲ့ ကိုယ်ရှိတယ်။ ဘာမှမဖြစ်ဘူး မကြောက်နဲ့နော် "

ရီကျန်းဟာ လုပေရွှမ်းကို ကြည့်ရင်းဖြင့် " ကလေး မွေးတော့မှာ ထင်တယ် "

လုပေရွှမ်းဟာ သူ့လက်တစ်ဖက်ဖြင့် ရီကျန်းရဲ့လက်ကို ဆုပ်ကိုင်ထားခဲ့ပြီး နောက်လက်တစ်ဖက်ဖြင့် ဖုန်းယူလိုက်ကာ ဖုန်းခေါ်လိုက်ချေ၏။

ခေတ္တအကြာတွင် လုအိမ်တစ်အိမ်လုံးဟမီးထိန်ထိန်လင်းသွားခဲ့လေတယ်။

အမေလုသည် ရီကျန်းမျက်နှာပေါ်တွင် ချွေးတို့ရွှဲရွှဲစိုနေသည်ကို တွေ့လိုက်တဲ့အခါ
" သား...ကျန်းကျန်းကို ဆေးရုံမြန်မြန်ခေါ်သွားတော့ "

ဗီလိန်ရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီ/ ဗီလိန္ရဲ႕ကိုယ္ဝန္ကိုလြယ္ထားရၿပီ(mm translation)Where stories live. Discover now