"ကတိပေးတယ်"

"နောင်တစ်ချိန်ကျ ကိစ္စတစ်ခုရှိလာရင် ရှင်းပြတာနားထောင်ပေးပါ ကလေးလေး..."

Tae ခေါင်းလေးငြိမ့်ပြတော့ Jungkook က ပြုံးသည်....

"ဒီည ကိုယ်သက်သေပြလို့ရလား"

"ဟမ်...."

"မနေ့ကပြောတယ်လေ ကိုယ်တို့က ...."

"ဟင့်အင်း ....စားစရာမှာလိုက်ဦးမယ် ဗိုက်ဆာပြီမလား....ခနနော်"

ပြောချင်ရာပြောပြီး ထွက်သွားတဲ့ကောင်လေးကြောင့် Jungkook သဘောတကျရယ်မောမိသည်....

.............................

စားသောက်ပြီးတော့ Tae ပျင်းပျင်းနဲ့ TV ထိုင်ကြည့်နေသည်...Jungkook က ph လာတာနဲ့ ph ပြောနေလေသည်....ပြန်မယ့်ကိစ္စပဲဖြစ်မှာ အခုဆို Jungkook နဲ့ အတူနေဖို့ ၁၀ ရက်လောက်သာကျန်တော့သည်...

Ph ပြောပြီးပြန်လာတဲ့ Jungkook က မျက်နှာမကောင်း...

"Jungkook ဘာဖြစ်လို့လည်း"

"ကလေး ကိုယ် သန်ဘက်ခါပြန်ရတော့မယ်"

" ဘာလို့လည်း...ဘာလို့လည်းဟင်...."

"ဖေဖေ နေမကောင်းဘူးတဲ့ကလေး ကိုယ့် Hyg ph ဆက်လာတယ်"

"ဒီမှာဆိုတာ Jungkook ဖေဖေသိလား"

"သိတယ် ဖေဖေက သူ့သားမက်လေးဆီသူကိုယ်တိုင်ကိုယ့်ကိုလိုက်ခေါ်ခိုင်းတာ"

ပြုံးကာပြောနေတဲ့ Jungkook မျက်ဝန်းတွေမှာတော့ အနည်းငယ်ဖျော့တော့နေသည်...Tae ငိုချင်လာရသည်...မနက်ဖြန်ပြန်တာနဲ့ အိမ်မှာညအိပ်ပြီး Jungkook ကတန်းပြန်ရတော့မှာပဲဖြစ်သည်...

"Jungkook ကျွန်တော်...အင့်"

Jungkook စငိုနေပြီဖြစ်တဲ့ကောင်လေးအနားသွားကာ ကိုယ်လေးကိုတင်းကျပ်စွာဖက်ထားရင်း

"မငိုပါနဲ့...."

"အဟင့်....ဟင့်"

ပြောကာမှ ပိုငိုတော့တဲ့ ကောင်လေးပါ....Jungkook ရင်ခွင်ထဲက ကလေးငယ်မျက်နှာလေးကိုကြည့်မိတော့ နှာခေါင်းဖျားလေးတွေရဲနေကာ ချစ်စဖွယ်လေးဖြစ်နေသည်...အသည်းယားတာမို့ နှာခေါင်းချင်းထိကပ်ထားရင်း

"ချစ်တယ် ကိုယ့်သည်းငယ်လေး... အတူရှိနေတုန်း မငိုနဲ့နော် ကိုယ်ကအများကြီးချစ်ပေးမှာမလို့ ယုံတယ်မလား"

💜 I'm Your' Fan 💜(Completed)Wo Geschichten leben. Entdecke jetzt