"............."
Tae ကိုပြန်မဖြေတဲ့ Jungkook....Tae နားလည်ပါသည်...Jungkook ဆိုတာ Tae တို့နိုင်ငံနဲ့ဘယ်ကိုက်ညီအောင်နေနိုင်ပါ့မလဲလေ...သူ့အလုပ်က Korea မှာ..သူမွေးဖွားတာ အေးတဲ့နိုင်ငံမှာ...ဒီမှာကသူ့အတွက်ဘာမှအဆင်မပြေနိုင်ပါ....
အပြန်လမ်းတစ်လျှောက် တိတ်ဆိတ်သွားတဲ့ ကျွန်တော်တို့နှစ်ယောက်ရယ်ပါ....သူ့ဆီကိုယ့်ဆီ လိုက်မနေနိုင်တာတောင် Jungkook က လက်ထပ်ဖို့အထိစဉ်းစားထားရလောက်တဲ့အထိ Tae ကိုချစ်လေသည်...
Hotel ပြန်ရောက်တော့ ပင်ပန်းနေကြတာကြောင့် ရေချိုးကာ တစ်ရေးအိပ်ကြသည်...Tae နိုးလာတော့ Jungkook ကမနိုးသေးပေ...
အိပ်နေတဲ့ Jungkook မျက်နှာလေးကို Tae ငေးကြည့်နေမိသည်...Idol လို့ပြောပြစရာမလိုလောက်အောင် Jungkook က ထင်းလင်းနေတာမျိုး..Jungkook ကိုမြင်လျှင် အရှိန်အဝါတစ်ခုရှိနေသလို ခံစားရတာမျိုးပေ...
ယောကျာ်းပီသကာချောမောတဲ့ဒီလူသား...အရာရာပြီးပြည့်စုံကာ ပြစ်ချက်မရှိတဲ့ဒီလူသားက Tae ချစ်သူတဲ့လေ...ဆုံနိုင်ဖို့တောင်မလွယ်ကူတဲ့ Tae idol ဟာ အခုလို Tae နားမှာ နေ့တိုင်းအတူရှိပေးပြီး နိုးလာတိုင်း မြင်ခွင့်ရနေတာဘယ်လိုကံကောင်းမှုမျိုးလည်းတဲ့...
Tae ပြုံးနေမိသည်....သူ Jungkook ကိုလက်မလွှတ်နိုင်ပါ...သေချာပေါက်အဖြေရှိရမည်..Jungkook နဲ့အတူရှိနေနိုင်မယ့်အခွင့်အရေး...
"ဘာတွေပြုံးနေတာလည်း"
Jungkook နိုးလာတာနဲ့ သူ့မျက်နှာကိုထိတွေ့နေတဲ့ Tae လက်ချောင်းလေးတွေကိုဆုပ်ကိုင်ရင်းမေးလာခဲ့သည်...
"သဘောကျလို့ "
"ကိုယ့်ကိုလား"
"အင်း Jungkook နဲ့အတူရှိနေရတာကို တကယ်သဘောကျလို့ ဒီလိုလေးပဲ အမြဲရှိချင်လို့ "
"ဒါဆို ကိုယ့်ကို ကြိုးစားခွင့်ပေးမလား...အမြဲအတူရှိဖို့"
"ဟင့်အင်း Jungkook က ဒီတိုင်းလေးနေပေး ကျွန်တော် Jungkook နဲ့နီးဖို့ ကြိုးစားမှာမို့...အကုန်ပြန်မှတ်မိအောင်လည်း ကြိုးစားမှာမလို့ ...ကျွန်တော့်ကိုချစ်နေပေးရင်ရပြီ"
"အင်း ကတိပေး ကိုယ့်ကို ဘယ်တော့မှ မစွန့်လွှတ်ပါဘူးလို့"
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-27
Start from the beginning
