"ခေါင်းကိုက်နေမယ် တအားမစဉ်းစားနဲ့တော့ ကိုယ်အခန်းသွားယူလိုက်ဦးမယ်နော်"

"ဟင့်အင်း"

Jungkook လက်ကိုဆွဲထားရင်း Tae ငြင်းဆန်မိသည်....

"ကလေး..."

"မသွားနဲ့...မသွားပါနဲ့...ကျွန်တော်က Jungkook ချစ်သူဆို Jungkook ကြိုက်သလိုလုပ်ပါ...မသွားပါနဲ့"

Jungkook ကလေးငယ်မျက်ဝန်းတို့အားကြည့်ကာ

"ကိုယ်အဲ့လိုမျိုး မလိုချင်ဘူးကလေး...မင်းရင်ထဲမှာ ကိုယ့်ကိုချစ်မနေဘဲ မင်းကိုကိုယ်မရယူချင်ဘူး...ကိုယ်က မင်းစိတ် မင်းနှလုံးသား အားလုံးပိုင်ချင်တာ...ခန္ဓာကိုယ်ကိုမဟုတ်ဘူး...အဲ့တာကြောင့် အခု မြန်မာနိုင်ငံသားထယ်ယောင်းအဖြစ်နဲ့ ကိုယ့်ကိုမချစ်သေးရင် ကိုယ့်ချစ်သူအဖြစ်ပြန်နေဖို့ မင်းကိုယ်မင်းဖိအားမပေးပါနဲ့"

Tae ကို Jungkook မျက်နှာလွှဲသွားတာကြောင့် Tae ရင်တွေနာကျင်ရသည်...Jungkook က အခုလက်ရှိ Tae ကိုမပေးဆပ်စေချင်တာ အချစ်မပါပဲ Tae ကိုမရယူချင်တာ...ဘယ်လောက်လေးစားစရာကောင်းလိုက်လဲ...အရင်ကတည်းကရင်း အထင်ကြီးရတဲ့ ယောကျာ်းဟာ Tae နှလုံးသားကို တဖြုတ်ဖြုတ်ခြွေယူနေပါသည်....

"အရိုးသားဆုံးဝန်ခံရရင် Jungkook အပေါ်ကျွန်တော်လည်းခံစားချက်ရှိနေပါတယ်...Jungkook သိရဲ့သားနဲ့ အရင်ကတည်းက ကျွန်တော် Jungkook အပေါ်ဘယ်လောက်ရူးသွပ်လည်းဆိုတာ...ဖြူစင်တဲ့ Fan boy တစ်ယောက်ရဲ့ချစ်ခြင်းကို အရောင်ဆိုးဖို့လည်းလွယ်ကူပါတယ်...Jungkook ကိုလက်တွေ့ပိုင်ဆိုင်ချင်တဲ့ အတ္တထည့်လိုက်ရင် Jungkook ချစ်သလို ကျွန်တော်လည်း ချစ်ပါတယ်"

"ကလေး...."

Jungkook က နှုတ်ခမ်းလေးဖိကိုက်ကာ ခေါင်းငုံ့ထားတဲ့ ချစ်စရာကောင်လေးကို နှုတ်ခမ်းလေးလှုပ်ရုံတိုးတိုးသာခေါ်မိသည်....

မော့ကြည့်လာတဲ့မျက်ဝန်းလေးတွေက တဖျတ်ဖျတ်တောက်ပနေကာ ချစ်ရသူက Jungkook ကိုရူးမတတ်ပြုစားနေသလိုပင်...

"Jungkook ကိုယုံတယ်...ကျွန်တော်အတိတ်မေ့နေတုန်းက Jungkook ချစ်သူဖြစ်ခဲ့ပြီး Jungkook ရဲ့အချစ်တွေကိုရခဲ့တယ်ဆိုတာကို ယုံတယ်...ကျွန်တော့်ချစ်သူ Jungkook ပဲဖြစ်ဖြစ် အခုလက်ရှိ Idol Jungkook ပဲဖြစ်ဖြစ် ကျွန်တော်သဘောကျတာမို့...ကျွန်တော်ချစ်ပေးနိုင်တာမလို့..အဲ့ဒီလူက Jungkook မို့လို့..."

💜 I'm Your' Fan 💜(Completed)Where stories live. Discover now