"မရဘူး"
"အွန့်..လွှတ်"
မရဘူးတစ်ခွန်းပြောပြီး အတင်းနမ်းရှိုက်လာတာ တကယ်ကိုအရူးအမူး...သူရင်ခွင်ကျယ်အောက် Tae ဘယ်လိုမှရုန်းမရ...သူအနမ်းတွေအောက် Tae ပဲညံ့သက်ပျော်ဝင်ရတာပဲဖြစ်သည်.....
"Shitt....."
စိတ်ကြိုက်နမ်းလို့ဝမှ နှုတ်ခမ်းချင်းခွာကာ တိုးတိုးဆဲရေးလာသည်...Tae မှာ ပါးစပ်လေးဟစိဟစိအမောဖြေနေရင်း သူ့ကိုကြည့်မိတော့ သူစိတ်ရှုတ်နေပုံပင်
"Jungkook ...ဘာဖြစ်လို့လည်းဟင်"
"ကိုယ်မရဘူး ကလေးလေး...ထပ်နမ်းလို့မဖြစ်ဘူး...ကိုယ်တစ်ခြားအခန်းသွားအိပ်လိုက်မယ်..နေရဲတယ်မလား"
"ဟင့်အင်း ဘာလို့သွားမှာလည်း...ဒီမှာပဲ.."
"မဖြစ်ဘူးလို့..."
Jungkook လေသံအနည်းငယ်မာသွားတာကြောင့် Tae ကိုယ်လေးတုန်ခနဲ...
"မင်းကိုအော်တာမဟုတ်ဘူးကလေးလေး..."
"ဒါဆို ဘာလို့ အခြားသွားအိပ်မှာလည်း ညပဲရောက်နေပြီကို"
Jungkook ခေါင်းကဆံပင်တွေကိုလက်ချောင်းရှည်တို့နဲ့ဆွဲဖွကာ
"ကိုယ်မင်းနဲ့ဒီလိုဆက်နီးကပ်နေရင် မင်းကိုနာကျင်စေမိလိမ့်မယ်"
"ဒါပေမယ့် Jungkook က ကျွန်တော့် ကိုချစ်တယ်ဆို နာကျင်စေမယ့်အရာတွေမလုပ်ဖူးမလား မသွားပါနဲ့ ကျွန်တော် သရဲကြောက်တယ်"
...ချစ်လို့ပဲ နာကျင်အောင်လုပ်မိတော့မှာလေ ကလေးရယ်...
"မင်းနားမလည်ဘူးမလားကလေးလေး"
Jungkook ခေါင်းငြိမ့်ပြလာတဲ့ အဖြူထည်ကလေးလေးကိုကြည့်ကာ အသွေးအသားတွေကပိုပူလာသလိုပင်
"နားလည်အောင်ပြောပြရရင် မင်းကိုကိုယ်လိုချင်လို့"
"ဟင်"
...............
17.4.2021
Unicode.....
Jungkook နဲ့ Taehyung ပုဂံကိုရောက်တော့ ညနေစောင်းနေတာနဲ့နောက်ရက်မှလည်ဖို့ဆုံးဖြတ်ကာ တစ်ညနားကြသည်...
အခန်းထဲဝင်လာတဲ့ Jungkook ကြောင့် Tae ထိုင်ရမလိုထရမလိုဖြစ်သွားရကာ
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-25
Start from the beginning
