"ဒါဆို ကျွန်တော်တို့က...."

"အင်း ချစ်သူတွေ "

"ဒါဆို ဒီလိုအခြေအနေမျိုး ဘယ်လောက်ထိ...."

"ခနခနပဲ"

Jungkook အဖြေကြောင့် Tae မျက်နှာလေးရဲခနဲ

"မရှက်ပါနဲ့ ကိုယ်တို့ နမ်းတာအပြင်မပိုခဲ့ဖူးပါဘူး..."

"အာ Jungkook...."

Tae မျက်နှာလေးကို မေးဖျားလေးကနေဆွဲမော့ကာ Jungkook ရဲ့စူးရှရီဝေတဲ့မျက်ဝန်းတွေက Tae ကိုစိုက်ကြည့်ရင်း

"ကိုယ့်ကိုချစ်လား...အခုရော"

Tae သူနဲ့နီးကပ်နေတိုင်း ရင်ခုန်တာမှန်ပေမယ့် ချစ်တာဖြစ်နိုင်ပါ့မလား...ပြီးတော့ သူ့ရှေ့ဆိုတအားရှက်တတ်တာကရော ဘာလဲ...

"Jungkook က ကျွန်တော့် Idol လေ ချစ်..ချစ်တာပေါ့"

"မဟုတ်ဘူး ချစ်သူလို ...လက်ထပ်ရမယ့်သူတွေလိုချစ်လားလို့မေးနေတာ"

"Jungkook မှာချစ်ရတဲ့သူရှိတယ်ဆို...ဘာလို့ ကျွန်တော့် ကို..."

"မင်းပဲကလေး ...အရင်ကရော အခုရော နောက်ရော ကိုယ်ချစ်ရသူကမင်းပဲကလေးလေး"

Tae သူ့ကိုတအံတသြလေးကြည့်နေတော့ Tae ပါးပြင်ကိုဖျတ်ခနဲနမ်းကာ

"အဖြေမရှိသေးရင်ရတယ် နောက်မှဖြေပေးလို့ ဒါပေမယ့် ကိုယ်ယုံတယ် မင်းကိုယ့်ကိုချစ်တယ်ဆိုတာကို..ချစ်သူလို ...ယောကျာ်းလို"

နောက်ဆုံးနားကျမှ Tae နားနားလေးကပ်ကာ တိုးတိုးလေးပြောလာသည်မို့ Tae ရင်ထဲဒိန်းခနဲပင်...

"Jungkook အရှက်ကိုမရှိဘူး...ဖယ်"

သူ့ရင်ဘတ်ကိုတွန်းထုတ်ရင်း ထွက်သွားဖို့ပြင်တော့ Tae တစ်ကိုယ်လုံးလေပေါ်မြှောက်တက်သွားရသည်..

"Jungkook ဘာလုပ်မလို့လည်း...အခုအောက်ချပေး"

Tae ပြောနေတာတွေကို ဂရုမစိုက်စွာ Tae ကိုယ်လေးကို  အိပ်ရာပေါ်တင်ရင်း သူပါအပေါ်ကအုပ်မိုးကာ

"နမ်းချင်သေးတယ်"

"Jungkook...တော်ပြီနော်"

ငုံ့ကျလာတဲ့ သူ့မျက်နှာချောချောကို လက်လေးတွေနဲ့တွန်းကာ ပြောမိသည်....

💜 I'm Your' Fan 💜(Completed)Where stories live. Discover now