Jungkook နူးညံ့တဲ့သည်းငယ်နှုတ်ခမ်းသားလေးတွေအား တမော့တမောစုပ်ယူနမ်းရှိုက်မိသည်...ချစ်သူဖြစ်ခဲ့တယ်ဆိုတာ သတိရစေချင်မိပေမယ့် အခုမှထပ်ချစ်ခွင့်ပြန်ရလည်း Jungkook အတွက်ဘာမှမဖြစ်ပါပေ..အဓိကက ဘယ်လိုအခြေအနေပဲဖြစ်ပါစေ သည်းငယ်ပြန်ချစ်လာဖို့ပဲအရေးကြီးသည်....

စည်းချက်ညီညီအပေါ်နှုတ်ခမ်းတစ်လှည့်အောက်နှုတ်ခမ်းတစ်လှည့်နမ်းနေမိတော့ နေရခက်နေတဲ့သည်းငယ်ရဲ့လက်လေးတွေက Jungkook ကျောပြင်ကိုထုရိုက်လာသည်...Jungkook လွှတ်မပေးချင်ပါ...ခနအနမ်းတို့ရပ်ကာ ကလေးငယ်မျက်ဝန်းတွေထဲစိုက်ကြည့်မိတော့ ကြယ်စင်လိုမျက်ဝန်းလေးတွေမှာ မျက်ရည်လေးတွေဝေ့တက်လာသည်...

Jungkook က မျက်ခွံလေးတွေပေါ်နှာခေါင်းနဲ့တိုးတိုက်နမ်းရင်း

"မငိုပါနဲ့ ကလေးရယ် ကိုယ်ချစ်လို့ပါ"

"ဟင့်...အင့်..."

Jungkook ပြောမှတအင့်အင့်ငိုရှိုက်လာသည်...Jungkook ရင်ခွင်ထဲဆွဲဖက်ကာ ဆက်နမ်းမလို့ပြင်တော့ Jungkook မျက်နှာအားတွန်းထားရင်း

"မဖြစ်သင့်ဘူးမလား...ယောကျာ်းလေးချင်းဆို ..Jungkook ပြောတော့..ဟင့်"

"မဟုတ်ဘူး...ကိုယ်တစ်ခါမှမတွေးမိပါဘူး ယောကျာ်းလေးချင်းမချစ်ရဘူးဘာညာတစ်ခါမှမတွေးမိဖူးဘူး...မင်းကိုတော့ ကိုယ်တကယ်ချစ်တာပါကလေးရယ်..မင်းဆီကိုယ်ဘာကြောင့်လိုက်လာတယ်ထင်လဲ...မင်းက ကိုယ်နဲ့အတူနေဖူးတဲ့အချိန်တွေကိုမမှတ်မိပေမယ့် ကိုယ်မင်းသတိရလာအောင်ကြိုးစားနေတာပါ...မင်းသတိမရလည်း ကိုယ်တို့အစကနေပြန်ချစ်လို့ရတာပဲလေ...ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်မင်းကိုချစ်တာက ဘယ်တော့မှပြောင်းလဲမသွားဘူး...မင်းကိုမြင်နေရပေမယ့် မထိတွေ့မကြင်နာရတာ ဘယ်လောက်စိတ်ထိခိုက်ရလည်းသိလား ကလေးလေး"

Tae မျက်နှာကိုလက်တွေနဲ့အုပ်ကိုင်ကာ စကားတွေတတွတ်တွတ်ပြောနေတဲ့ Jungkook...Tae အံ့သြလွန်းလို့ ဘာပြန်ပြောရမှန်းပင်မသိတော့ပါ...Tae သိတာက Tae လေယျာဉ်ပျက်ကျပြီး ဆေးရုံမှာသတိအကြာကြီးမေ့နေခဲ့သည် ပြီးတော့ Tae ကိုဆေးရုံတင်ပေးသူက Jungkook ပေါ့ ..ဒီလိုပဲ Tae သိထားပေမယ့် Jungkook ပြောနေတဲ့ Tae တို့အတူနေခဲ့တာတွေ Tae မသိပါ....

💜 I'm Your' Fan 💜(Completed)Where stories live. Discover now