..ဘာလည်း ဘာတွေလည်း Tae ခေါင်းထဲဖျတ်ခနဲသတိရလာသည်..စကားပြောနေတာတွေ Jungkook လို့ခေါ်မိတာလည်းသတိပြုမိသည်...Tae ခေါင်းတွေကိုက်လာကာ လက်လေးတွေနဲ့ ဖိထားမိသည်...
အရင်က ဒီအခြေအနေမျိုးကြုံဖူးသလိုပဲ...ဘယ်တုန်းကပါလိမ့်....
"ဘုရားရေ Jungkook.."
Tae စဉ်းစားနေလိုက်တာ Jungkook ကိုသတိရမှ ရေချိုးခန်းထဲအပြေးသွားမိသည်..
Jungkook နားမျက်နှာလွှဲကာတရွေ့ရွေ့သွားမိတော့ Jungkook က အဟွန်းခနဲတစ်ချက်ရယ်သည်...Tae လက်ထဲကစောင်နဲ့ပတ်ပြီးမှ Tae သူ့ကိုတွဲကူရင်း အခန်းထဲပြန်ခေါ်လာလိုက်သည်....
"Jungkook အဝတ်လဲလိုက်နော် ကျွန်တော် အခန်းအပြင်ခနထွက်ပေးမယ်"
"မလိုပါဘူး"
"ဟင်..."
Jungkook က စောင်ကိုချွတ်ချလိုက်တာကြောင့် Tae မျက်ဝန်းလေးတွေကိုမှိတ်လိုက်မိသည်..
Jungkook ခပ်ဟဟရယ်ကာ Bathrobe တစ်ထည်ကောက်ဝတ်ရင်း
"အပြင်ထွက်ပေးစရာမလိုပါဘူး ကလေးပြောသလို ယောကျာ်းချင်းပဲလေ ခုနကလည်း ကလေးကိုယ့်တစ်ကိုယ်လုံးကို ..."
"ဟင့်အင်း..."
Tae လက်ချောင်းလေးတွေနဲ့ သူ့နှုတ်ခမ်းကိုအမြန်ထိကပ်ကာ ခေါင်းယမ်းပြမိသည်...Jungkook ရဲ့စူးရှတဲ့မျက်ဝန်းတွေဟာ ပြုံးယောင်သမ်းနေသယောင်ယောင် Tae ကိုစိုက်ကြည့်နေတာများ မျက်တောင်ပင်မခတ်...
Tae ဒီအခြေအနေမှာ ထူပူကာ Jungkook ကိုလည်းမကြည့်ရဲပေ..
Jungkook သူ့ရှေ့မှာ မျက်လွှာချကာ ပါးလေးတွေရဲနေတဲ့ကောင်လေးကြောင့် ရင်ခုန်သံတွေပေါက်ထွက်တော့မလိုဖြစ်နေရသည်... မထိန်းချုပ်ချင်တော့ပါ...ဒီကောင်လေးကိုသာ အခုချိန်ထိတွေ့ခွင့်မရရင် Jungkook ရူးရပါလိမ့်မည်...
"Jungkook...အွန့်.."
သူ့နှုတ်ခမ်းပေါ်က Tae လက်လေးကိုရုတ်ရင်း စကားပြောမလို့ပြင်တော့ Jungkook က Tae လက်ကောက်ဝတ်ကနေဖမ်းဆွဲကာ Tae ကိုယ်လုံးကိုသူ့ရင်ခွင်ထဲထိအနီးကပ်ဆွဲယူလိုက်တာပဲဖြစ်သည်..
Tae လန့်သွားကာ စကားပြောမလို့သူ့ကိုမော့ကြည့်တော့ မော့လာတဲ့ Tae မျက်နှာဆီငုံ့ချကာ နမ်းလာခဲ့သည်....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-25
Start from the beginning
