"ကလေး မင်းမပင်ပန်းဘူးလား တစ်ခုခုဆို ကိုယ့်အတွက်ပဲတွေးပေးနေရတာ"

"မပင်ပန်းပါဘူး ကျွန်တော့် ချစ် အဲ ကျွန်တော့် Idol က သာမာန်လူမှမဟုတ်တာ"

စကားမှားတော့မယ့်ကောင်လေးက ချက်ချင်းသတိထားမိကာ ပြန်ပြင်ပြောလေသည်..Jungkook ရင်ထဲလှိုက်ခနဲဝမ်းသာသွားရသည်...မှတ်မိလာတော့မယ်လို့လည်းထင်တာကြောင့် သူဒီည အရိတ်အမြွက်ပေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်...

"ကျေးဇူးပါကလေး ကိုယ်ရေချိုးဦးမယ်"

Tae လည်းစကားမှားထွက်တော့မလိုဖြစ်သွားကာ မျက်နှာပူရသည်..ဘာကြောင့် ဒီပါးစပ်က Jungkook ကိုချစ်သူလို့သုံးနှုန်းမိသည်မသိပေ...Jungkook ရေချိုးခန်းဝင်သွားတော့မှ ကိုယ့်ခေါင်းလေးကိုထုကာ

"ပြောတော့ ယောကျာ်းချင်းပဲဆို ထယ်ယောင်း ရူးနေပြီ မင်းရူးနေပြီ"

Tae Jungkook ကြိုက်လောက်မယ့်အစားအစာလေးတွေ ရွေးမှာရင်း Jungkook ကိုစောင့်နေမိသည်...

"အားးးး....."

"ဟင်"

ရေချိုးခန်းထဲကအော်သံကြောင့် Tae အပြေးသွားမိတော့ Jungkook ရယ် တစ်ကိုယ်လုံးဘာမှမပါဘဲ Bathtub ထဲမှာ ကန့်လန့်ညှပ်နေကာ ထလို့ရမည့်ပုံမပေါ်ပေ...

Tae လည်း Jungkook ရဲ့ကျစ်လစ်တဲ့ ခန္ဓာကိုယ်အားသတိလက်လွတ်ငေးနေမိသည်...

"ကလေး.."

Jungkook ခေါ်သံကြားမှ အသိပြန်ဝင်ကာ ရှက်ဖို့သတိရသည်...ဆတ်ခနဲ မျက်နှာလွှဲကာ ကျောပေးလိုက်ရင်း

"Jungkook ဘယ်လိုဖြစ်လို့..."

"ကိုယ်အမှတ်မထင်ဖြစ်သွားတာ လာထူပေးပါဦးညှပ်နေလို့"

"ခနနော် ကျွန်တော် ရေချိုးဝတ်သွားယူပေးမယ်"

"တစ်ခါထဲမလဲဘူးနော် စောင်ပဲယူလာပေး ကလေး"

Jungkook စကားအဆုံး Tae ရေချိုးခန်းထဲက ထွက်လာကာ စောင်ပြေးယူမိသည်..

(..ဟင့်အင်း တန်းမလဲဘူးနော် Jungkook စောင်ပဲယူလာပေး....

....ဘာလို့ငိုတာ....

....ငိုပါတယ် ကိုယ့်ကိုရှက်နေတာလား...

....အာ ကိုယ်ဘာမှမမြင်ပါဘူး....)

💜 I'm Your' Fan 💜(Completed)Onde histórias criam vida. Descubra agora