"Jungkook ကို ပုဂံလိုက်ပို့ချင်သေးတာကို..."

"သွားမယ်လေ..."

Jungkook စကားအဆုံးလက်ခနဲဖြစ်သွားတဲ့မျက်ဝန်းလေးတွေ....ချစ်လိုက်တာဒီကောင်လေးကို...

"တကယ်လား တကယ်သွားမှာနော် ...."

"အွန်း...ဒါနဲ့ ကလေးမိသားစုရောပါမှာလား"

"ဟင့်အင်း သူတို့မပါဘူး ဖေဖေကမအားတော့ဘူးလေ..ကျွန်တော်တို့နှစ်ယောက်ထဲ"

စကားအဆုံးခေါင်းလေးငုံ့သွားတဲ့ကောင်လေး...

"ဘာလို့ ရှက်သွားရပြန်တာလဲ"

"ဟင့်အင်း မရှက်ပါဘူး...ဘယ်..ဘယ်မှာ ရှက်လို့လည်း"

Jungkook ကိုမော့ကြည့်လာပြီး နှုတ်ခမ်းလေးရှေ့ထွက်ကာ ငြင်းလာတဲ့ကောင်လေး Jungkook ကြည့်ရင်းကြည့်ရင်း အသည်းယားလာရသည်...

"ကလေး..."

"ဗျာ..."

Jungkook ခေါ်ရင် ဒီကောင်လေး မြန်မာလိုထူးတာလေးကိုသိပ်ချစ်ပါသည်...Jungkook ကသာအမျိုးမျိုးခေါ်နေတာ ဒီကောင်လေးကတော့အမြဲ ယဉ်ကျေးစွာပြန်ထူးတတ်သည်...

"ဒီညလည်း ကိုယ်အထူး Service ပေးလို့ရလား"

Tae မျက်ဝန်းလေးတွေဝိုင်းစက်သွားသည်...အထူး Service တဲ့ ဒါဆိုမနေ့ညကလို Jungkook ရင်ခွင်ထဲအိပ်ရမှာပေါ့...

"Jungkook သဘောပါ ကျွန်တော်က ရ..ရတယ် "

ပြောပြီး Jungkook အနားကနေလှစ်ခနဲထွက်သွားတဲ့ကိုယ်လေး...Jungkook သဘောကျစွာရယ်မိရင်း

"မြန်မာကောင်လေးက မပြန်ချင်အောင်လုပ်နေတော့တာပဲ"

...............

13.4.2021

Please Vote 😢

Unicode.....

Jungkook မျက်စိရှေ့က ကောင်လေးကိုကြည့်ကာ မျက်တောင်မခတ်မိပေ...တီရှပ်အဖြူလက်ရှည်နဲ့ မြန်မာတို့ဝတ်သလို ရိုးရာ ပုဆိုးလားဘာလား အဲ့အဝတ်အစားကို အနက်ကွက်စိပ်လေးဝတ်ထားတဲ့ ကောင်လေး...

အသားအရေလေးကဖြူဥနေတာကြောင့် အခုဝတ်ထားတာလေးတွေနဲ့အတော်ပင်လိုက်ဖက်နေသည်...ဆံပင်အုပ်အုပ်လေးတွေကလည်းနဖူးပေါ်ဝဲကျနေကာ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့လိုက်ဖက်လွန်းလှသည်...ခြုံပြောရရင် ကြည့်မဝတဲ့အလှမျိုးလေးရယ်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now