(...ကိုကို ဘာဆုတောင်းလည်းဟင်...

....သည်းငယ်ဆုတောင်းတာတွေ ပြည့်ပါစေလို့...)

"ဟင့်အင်း"

ခေါင်းကိုလက်နှစ်ဖက်နဲ့ထိန်းရင်းမျက်နှာလေးက ရှုံ့မဲ့နေတော့သည်...

"ဘာဖြစ်လို့လည်း ကလေး....ဘာဖြစ်လို့လည်း..."

"Jungkook..."

"အင်း ကိုယ်ရှိတယ်..."

Jungkook လက်ကိုဆုပ်ကိုင်လာတဲ့ကောင်လေး

"ကျွန်တော် ဒီလိုအခြေအနေမျိုး ကြုံဖူးသလိုပဲ...ခေါင်းတွေကိုက်တယ်...ဘယ်မှာလည်းဆိုတာ စဉ်းစားလို့မရဘူး..."

Jungkook ဝမ်းသာမိသည်...သည်းငယ်မှတ်မိတော့မယ်ထင်ပါတယ်...

"တအားမစဉ်းစားနဲ့နော် ကိုယ်တို့ပြန်ရအောင်"

"ဟုတ်....."

.............

"Hello"

"Jungkook မင်းဘယ်ချိန်ပြန်လာမှာလည်း...PD မေးနေပြီ Hyg ဆက်ပြီးလှည့်ပတ်ဖြေနေလို့မရတော့ဘူး..မင်းဒီမှာမရှိတာသူရိပ်မိနေလောက်ပြီ"

"ကျွန်တော် ပြန်လာမှာပါ Hyg...နောက်ထပ် ၂ ပတ်ပဲအချိန်ပေးပါ"

"နောက် ၂ ပတ်ကြာရင် TaeTae က သတိရလာမှာမို့လို့လား ... "

"ကျွန်တော် လက်မလျော့ချင်သေးဘူး Hyg ရယ်...ကျွန်တော်.."

"Hyg နားလည်တယ် ဒါပေမယ့် မင်းတို့ချင်းချစ်ကြတယ်ဆိုပေမယ့် နိုင်ငံချင်းလည်းမတူဘူးလေကွာ TaeTae ကသူ့မိသားစုကိုထားခဲ့ပြီး လိုက်နေပါ့မလား..သူ့မိသားစုကရော ဒီကိုလိုက်နေနိုင်ပါ့မလား ဘာသာစကားမတတ်ဘဲ ...ပြီးတော့..."

"တော်ပါတော့ Hyg ရာ ...ဒါပဲနော် ကျွန်တော်နောက်မှထပ်ဆက်လိုက်မယ်.."

"Jungkook.."

Jungkook တစ်ကိုယ်လုံးတောင့်တင်းသွားသည်..ph ပြောတာတွေအကုန် သည်းငယ်ကြားသွားတယ်ထင်ပါသည်...

"အော် ဘယ်ချိန်တည်းကရောက်နေတာလည်း ကလေး"

"ဟို တမင်နားထောင်တာမဟုတ်ရပါဘူး ဒါပေမယ့်လေ ၂ ပတ်ကြာရင် Jungkook က တကယ်ပြန်တော့မှာလားဟင်"

"......"

Jungkook က ခေါင်းငြိမ့်ပြတော့ ကောင်လေးရဲ့မျက်ဝန်းလေးတွေညှို့မှိုင်းသွားသယောင်လေးဖြစ်သွားသည်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now