"ဟို Jungkook က ချော..ချောနေလို့"

Jungkook ကပြုံးရင်း

"မင်းလည်း ချစ်စရာလေး"

"သွားမယ်လေ..."

ရှေ့ကနေထွက်သွားတာများ Jungkook နောက်ကနေပါရဲ့လားဆိုတာ လှည့်တောင်မကြည့်...မြန်မာကောင်လေးက ရှက်တတ်လိုက်တာလည်းအရမ်းပါဆို....

...............

Jungkook Tae လိုက်ပြတဲ့ ဘုရားရင်ပြင်ပေါ်တွေ စောင်းတန်းကဈေးဆိုင်လေးတွေ အရာရာကိုသဘောကျမိပါသည်..စိတ်တွေလည်းအေးချမ်းသလိုခံစားရသည်...ချစ်ရတဲ့မြန်မာကောင်လေးကတော့ ဘုရားကန်တော့သည်ဟုဆိုကာ သေချာလေးထိုင်နေသည်...Jungkook ph ထဲမှာလည်း သူ့ပုံလေးတွေပင်နေရာယူထားပြန်ပါသည်....

လူတစ်ချို့က ဝတ်စုံဆင်တူနဲ့ သူတို့နှစ်ယောက်ကိုငေးလာတော့ ကောင်လေးက Jungkook ကို ဦးထုပ်ဆောင်းစေသည်...ဘယ်သူမှတော့ Idol တစ်ယောက်က ရိုးရာဝတ်စုံနဲ့ဘုရားလာဖူးနေတယ်လို့ ထင်ကြမည်မဟုတ်ပေ...

နေ့လည်စာစားကြတော့ စားချင်သဖွယ်ဟင်းတွေနဲ့ Jungkook ကိုဧည့်ခံသေးသည်...ဖော်ရွေတဲ့မြန်မာကောင်လေးပါလေ...ဝက်သားကိုတစ်မျိုးလေးလုပ်ထားကာ ဆော့စ်ထဲနှစ်စားရတဲ့အစားအစာကို သူအကြိုက်ဆုံးပင်...

Jungkook တို့ဆီမှာ သုံးထပ်သားတို့ ဘာတို့သာ အများဆုံးစားကြသည်...ဒီမှာက တစ်ကောင်လုံးစားသည်..အမြီးတောင်မချန်ပေ...ကောင်လေးက ခိုလေးတွေလည်းအစာကျွေးတော့ Jungkook ပါလိုက်ကျွေးဖြစ်သည်...တကယ်ကိုပျော်ရပါသည်...

လိပ်လေးတွေကိုကန်ထဲလွှတ်ကာ ဆုတောင်းလို့ရသည်ဟုဆိုသည်...ကောင်လေးက ဆုတောင်းနေတော့ Jungkook အေးချမ်းတဲ့မျက်နှာလေးကိုကြည့်နေမိသည်....Korea မှာအကြွေစေ့ပစ်ပြီးဆုတောင်းတုန်းကလည်း ဒီလိုပဲငေးနေခဲ့မိတာ...

"Jungkook ဆုတောင်းလေ"

"အင်း"

Jungkook ဆုတောင်းပြီးတော့ ကောင်လေးက Jungkook လက်ကိုဆွဲလာကာ

"ဘာဆုတောင်းလည်းဟင် ကျွန်တော်သိလို့ရလား"

"မင်းဆုတောင်းတာတွေ ပြည့်ပါစေလို့ "

Tae ကြားဖူးသည်...ဟုတ်တယ် Tae သေချာကိုကြုံဖူးသည် ဒီလိုအခြေအနေမျိုး...ဒါပေမယ့်စဉ်းစားလို့မရ...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now