Tae ပါးလေးတွေရဲခနဲ..သူဘာလို့ဒီလိုကြီးပြောတာလည်း...
Jungkook ရှက်သွားတဲ့ကောင်လေးကိုအသည်းယားလာရသည်...သည်းငယ်သာသူ့ကိုမှတ်မိနေတယ်ဆို ဒီအချိန်မှာ မွတ်သိပ်စွာနမ်းပစ်မှာအသေအချာ...အခုတော့
"မရှက်ပါနဲ့ တကယ်ပြောတာ ကိုယ့်မှာ ဒီလို တအားချစ်ဖို့ကောင်းတဲ့ Fan Boy လေးရှိတာ တကယ်ပျော်တယ်"
"ဟီး..."
အခုမှ Boxy Smile လေးနဲ့ပြုံးပြလာခဲ့သည်...Jungkook က ရုတ်တရက် Tae ပါးဖောင်းဖောင်းလေးတွေကိုဆွဲကာဖျစ်ညှစ်မိလိုက်သည်...နှစ်ယောက်ကြားလေထုက ထပ်မံအေးစက်သွားရပြန်ပါသည်...Jungkook လည်းမသိလိုက်ခင် လုပ်မိသွားတာမို့ သူ့လက်သူတားချိန်တောင်မရလိုက်ပေ...
"ဟို အိပ်..အိပ်မယ်.."
"အင်း...အင်းပေါ့..အိပ်ချိန်ရောက်ပြီပဲ.."
နှစ်ယောက်လုံး နေရခက်ကာ အိပ်ရာပေါ် ကျောပေးရင်းလှဲနေမိကြသည်....ရုတ်တရက်
"Jungkook... ဘာလုပ်"
Jungkook က Tae ခါးလေးကနေပွေ့ကာသူ့ရင်ခွင်ထဲဆွဲဖက်လိုက်တာမို့ Tae အလန့်တကြားလေးရုန်းကာ မေးလိုက်မိသည်...
"အထူး Service လေ ...Idol ဖြစ်တဲ့ကိုယ်က ကိုယ့် Fan လေးအတွက်အထူး Service"
".........."
Tae ငြိမ်နေလိုက်မိသည် ....Jungkook ရဲ့အသက်ရှုသံနွေးနွေးက Tae လည်ဂုတ်သားလေးပေါ်ရိုက်ခတ်နေတာကြောင့် Tae ရင်တွေတအားခုန်နေရသည်...
"အခြားသူတွေကိုရော အထူး Service လုပ်ပေးဖူးလား"
Tae မေးတော့ Jungkook က Tae ကိုယ်လေးကိုဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေရင်း
"တစ်ခါမှမလုပ်ပေးဖူးဘူး မင်းက ပထမဦးဆုံးပဲ.."
Tae Jungkook စကားကြောင့်ပြုံးယောင်သန်းသွားသည်...Jungkook က Tae မျက်နှာလေးကိုသေချာစိုက်ကြည့်နေရင်း...
"နောက်ထပ်လည်း Service တစ်ခုရှိသေးတယ်"
"ဘာလည်းဟင်..."
"ပြွတ်..."
Jungkook Tae ကိုနမ်းလိုက်တာလား...Tae အံ့သြကာ နှုတ်ခမ်းလေးမှာ ပွင့်ဟနေလျက် Jungkook ကိုတအံ့တသြကြည့်နေမိသည်...
ESTÁS LEYENDO
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-23
Comenzar desde el principio
