"ဗျာ ဆိုတာဘာလည်း"
"အော် အဲ့တာက မြန်မာလို ဗျာ, ခင်ဗျာ အဲ့လိုထူးတာ အယဉ်ကျေးသုံးစကားပေါ့..ကိုရီးယားလို ဟုတ်ကဲ့နဲ့တူတူပဲ"
"အော်...နားလည်ပါပြီ"
Jungkook က ပြုံးရင်းခေါင်းငြိမ့်ပြသည်..
"လာလေ"
"ဟို ..."
"ဟေး မြန်မာကောင်လေး"
Tae ရင်တွင်းတစ်နေရာက ဆစ်ခနဲ...သူရင်းနှီးနေသလိုပဲ ဒီအသုံးအနှုန်းလေးကို...
"Jungkook ကျွန်တော့်ကို အရင်ကလည်းအဲ့လိုခေါ်ဖူးလားဟင်"
Jungkook လှိုက်ခနဲဝမ်းသာသွားရသည်...သည်းငယ်မှတ်မိလာတော့မယ်ထင်တယ်...
"ခေါ်ဖူးတာပေါ့ အများကြီး တစ်ခုခုမှတ်မိလို့လားဟင်"
"ဟင့်အင်း မမှတ်မိဘူးရယ် ရင်းနှီးနေလို့ပါ"
"အော် ..မင်းအအေးမိတော့မယ်လာ"
Tae မငြင်းနေတော့ပဲ သူ့အနားလေးသွားကာထိုင်တော့ သူက Tae ခေါင်းလေးကို သေချာလေးသုတ်ပေးနေသည်...
"Jungkook မနက်ကျရင် ဘုရားလိုက်ပို့မယ်နော် "
"အင်း ကိုယ်ရောက်တုန်း မင်းနိုင်ငံဆီက အလှတရားတွေကြည့်ရမှာပေါ့"
"Jungkook သဘောကျမှာသိလား ကျွန်တော်တို့မြန်မာလူမျိုးတွေကလေ သူများကိုကူညီတယ် အလှူအတန်းတွေလည်းလုပ်တယ် အရမ်းလည်းသဘောကောင်းကြတယ်"
Jungkook ယုံပါသည်..ဒီကောင်လေးတောင် စိတ်ထားသိပ်ကောင်းပြီးဖြူစင်တာမလား...သူမွေးဖွားကြီးပြင်းရာနေရာကလူတွေလည်း စိတ်ထားကောင်းကြပါလိမ့်မည်...
"ပြီးတော့လေ Jungkook အတွက်ချစ်စရာကောင်းတဲ့ပစ္စည်းလေးတွေအမှတ်တရဝယ်ပေးမယ်နော်"
"မလိုပါဘူး...."
"ဟင်..."
Tae သူ့စကားကြောင့် သူ့မျက်နှာချောချောဆီခေါင်းလှည့်ကာကြည့်မိသည် ..သူက Tae မျက်ဝန်းတွေထဲကိုသေချာစိုက်ကြည့်ကာ Tae ပါးပြင်တစ်ဖက်ကိုသူ့လက်နဲ့အုပ်ကိုင်ရင်း
"မင်းရှိတယ်လေ မင်းကကိုယ့်အတွက်ချစ်စရာအကောင်းဆုံးပဲ...ကျန်တာတွေမလိုဘူး"
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-23
Start from the beginning
