Tae ငေးနေမိတာ မျက်တောင်ပင်မခတ်မိ...Jungkook သူ့အား ငေးနေတဲ့ ကောင်လေးကြောင့် ခပ်ဟဟရယ်မိသည်...

"အဟွန်း..."

"ဟို ပြီးသွားပြီလား ကျွန်တော်ချိုးမလို့လေ  ..."

"အင်း ချိုးလေ..."

Jungkook အဝတ်လဲပြီးအိပ်ယာပေါ်ရောက်တော့ ကောင်လေးက ရေချိုးပြီးကာ တစ်ခါတည်းရေချိုးခန်းထဲကနေ အဝတ်လဲလာပုံရသည်...

"တစ်ခါတည်းအဝတ်လဲလာတာလား"

Jungkook စကားကြောင့် ကောင်လေးက ခေါင်းကိုတဘက်နဲ့ရေသုတ်နေရင်း

"ဟုတ်...ဟို အဲ့လိုပဲလဲတတ်လို့ပါ.."

"အော် ကိုယ်က ကိုယ်ရှိလို့ မင်းအနေခက်နေတယ်ထင်လို့"

"အာ မဟုတ်ပါဘူး Jungkook ကြောင့်မဟုတ်ဘူး"

"အင်း..."

Tae သူအားနာနေမှာစိုးတာနဲ့ တစ်ခုခုသောက်ဖို့ပြင်ပေးရန်ဆုံးဖြတ်လိုက်ရင်း

"Jungkook သောက်ဖို့ တစ်ခုခုလုပ်ပေးမယ်လေ အိမ်မှာ ငှက်ပျောသီးကုန်နေလို့ ကျွန်တော် ဘနားနားမစ်ဖျော်ပေးလို့မရဘူး"

"ကိုယ် ဘာကြိုက်လည်းသိနေတာလား"

"အင်း သိတယ်လေ ကျွန်တော့် Idol ပဲဟာကို"

Jungkook ပြောချင်တာ တခြားအဓိပ္ပါယ်ပါ...ကောင်လေးက နားလည်ဟန်မတူပေ...

"မင်းခေါင်းကို ကိုယ်သုတ်ပေးလို့ရမလား"

Tae သူ့စကားကြောင့် အလန့်တကြားလေးကြည့်မိသည်..နောက်နေတဲ့ပုံလည်းမပေါ်ပေ...ဘာလည်းအတည်ကြီးလား..အဟေး မောင်ထယ်ယောင်းတို့ကံဇာတာတွေတက်နေပါရောလား..Idol ကမပြောမဆိုနဲ့အိမ်အလည်လာတယ်..အခုလည်း ခေါင်းရေစိုနေတာကိုသုတ်ပေးမယ်တဲ့..Jungkook သာသုတ်ပေးမယ်ဆို နေ့တိုင်းခေါင်းလျှော်လည်း ဖျားမယ်မထင်...

"ဟေ့..."

Jungkook ပြုံးစိစိလေးဖြစ်နေတဲ့ကောင်လေးကို ကြည့်ကာ လိုက်ပြုံးနေမိသည်...ဒီကလေးဘာတွေသဘောကျနေတယ်မသိ...

"ဗျာ.."

သူခေါ်လိုက်မှအသိဝင်ဟန် တန်ပြန်ထူးသံလေးထွက်လာသည်...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now