"ဒါဆို ကိုယ့်ကိုကြည့်ပါဦး..."

"ဟင့်အင်း...."

Jungkook သည်းငယ်မေးဖျားလေးကိုဆွဲမော့တော့ ခေါင်းမော့မခံပဲရုန်းသည်...

"မရှက်ပါနဲ့ကလေးလေးရဲ့ ဒါရှက်စရာမှမဟုတ်တာ..."

"Jungkook က ...အတင်းနမ်းတာကိုလို့"

အသံလေးကအဆုံးသတ်မှာတိုးသွားကာ မရဲတရဲလေးပြောလာသည်...Jungkook မျက်နှာချောချောမှာ ပြုံးအီသွားရကာ

"မင်းလေးလည်း ကိုယ့်ကို..."

"အာ Jungkook..."

"အဟွန်း....သဘောကျတယ်မလား ကိုယ့်..."

"တော်ပြီဆို Jungkook နော်..."

အကောင်ပေါက်က မျက်နှာလေးရဲနေကာ Jungkook ရင်ခွင်ထဲကရုန်းထွက်ဖို့ပြင်လျှင်

"Ok Ok ကိုယ်ထပ်မစတော့ဘူးနော် ....အိပ်တော့နော် ကလေးလေး.."

ရုန်းထွက်မခံပဲ တစ်ကိုယ်လုံးသိမ်းကြုံးပွေ့ဖက်ကာ Tae ကိုအိပ်တော့လို့ဆိုလာတဲ့ Tae ရဲ့ Idol ပါ..Tae ဒီလိုလေးကို ကျေနပ်မိပါသည်...Jungkook မို့လို့...Tae ကိုအသားယူတာ Jungkook မို့လို့ စိတ်မဆိုးတဲ့အပြင် ရင်တွေတောင်ခုန်ရပါသေးသည်.....

"Night Night Jungkook"

"Night Night ကလေးလေး...."

Tae နဖူးလေးကို သူ့နှုတ်ခမ်းနဲ့ထိကပ်လာကာ Tae ကိုပြန်နှုတ်ဆက်သည်...သူ့ရင်ခွင်ကျယ်ထဲ Tae လုံခြုံပါသည်...ယုံကြည်အားကိုးခြင်းနဲ့အတူ လုံခြုံမှုကိုခံစားရသည်...ခနကြာတော့ Tae စိတ်ချလက်ချပင်အိပ်ပျော်ခဲ့တော့သည်...

ထူးဆန်းစွာ Tae ကို ခေါ်နေတဲ့ အိမ်မက်လည်းမမက်တော့ပါ....

please Vote 😔

Unicode.......

Tae ကုတင်ပေါ်ထိုင်နေမိသည်...ခုနက Jungkook ဖက်ထားတာကိုတွေးမိတော့ ရင်တွေလည်းတလှပ်လှပ်ခုန်သည်...ပြီးတော့ ရေမွှေးနံ့နဲ့ရောနေတဲ့ Jungkook ရဲ့ကိုယ်သင်းနံ့ကိုရင်းနှီးနေသလိုခံစားရသည်....သေသေချာချာကို သိနေသလိုမျိုးပင်....

"အဟမ်း..."

ရေချိုးခန်းထဲက ထွက်လာတဲ့ Jungkook...Bathrobe အဖြူရောင်နဲ့ ရင်ဘတ်ကအကွဲကြောင်းက တောင့်တင်းကျစ်လစ်တဲ့ Jungkook ရင်အုပ်သားတွေကို မြင်စေသည်...မျက်နှာရော ဆံပင်တွေမှာပါ ရေစိုနေတဲ့ Jungkook က တကယ့်ကို ချောမောသည်..

💜 I'm Your' Fan 💜(Completed)Where stories live. Discover now