Jungkook Tae နှုတ်ခမ်းလေးကို ပြွတ်ခနဲအသံထွက်အောင်စုပ်ယူရင်းချက်ချင်းလွှတ်ပေးလိုက်တော့ အံ့သြနေတဲ့ကလေးလေးကြောင့် ထပ်နမ်းချင်စိတ်ကထိန်းမရတော့...တစ်နှစ်တောင် သည်းငယ်ကိုသူမနမ်းရတာမလား..တစ်နှစ်ကြီးများတောင် သူ့နှလုံးသားလေးနဲ့သူဝေးကွာနေခဲ့ရတာ....
"Jungkook ဘာလို့..."
"ကိုယ် ထပ်နမ်းလို့ရမလား ..."
ခွင့်တောင်းတာထက် အသိပေးသလိုသက်ရောက်တဲ့ Jungkook က စကားဆုံးတာနဲ့ Tae အဖြေကိုမစောင့်ပဲ Tae နှုတ်ခမ်းလေးတွေကို စူးစူးနင့်နင့်စုပ်ယူနမ်းရှိုက်လာခဲ့သည်...
Tae လည်းမရုန်းထွက်မိပါ....Jungkook ရဲ့အနမ်းတွေအောက် Tae ညံ့သက်ပျော်ဝင်မိသည်...Tae ရင်းနှီးနေသလို သူ့အနမ်းတွေကြောင့် Tae တောင်မသိလိုက်ခင် တုံ့ပြန်နမ်းနေမိသည်....
အချိန်အတော်ကြာမှ မောဟိုက်လာတာကြောင့် သူ့ရင်ဘတ်ကိုလက်လေးတွေနဲ့တွန်းကန်မိတော့မှ Tae ခံတွင်းလေးထဲရစ်ပတ်ကစားနေတဲ့သူ့လျှာဖျားတို့က Tae လျှာလေးကိုအဆုံးသတ်စုပ်ယူကာ အနမ်းတို့ကိုနူးညံ့စွာအဆုံးသတ်ပေးလေသည်...
Jungkook ကလည်း Tae ကိုကြည့်နေကာ ပြုံးနေသည်...ခုနကအနမ်းတို့ကြောင့် တစ်ယောက်ကိုတစ်ယောက်ဘာစကားမှမဆိုမိဘဲ စိုက်ကြည့်နေမိသည်..အနမ်းတွေကြောင့် စိုစွတ်ပြောင်လက်နေတဲ့ Jungkook နှုတ်ခမ်းတွေကို Tae လက်ဖဝါးလေးနဲ့ပွတ်သုပ်ပေးမိသည်...
"အဟွန်း..."
Jungkook က သဘောကျသလိုရယ်သည်...အဲ့တော့မှ Tae ဘာသာသတိလက်လွတ်လုပ်ပေးမိမှန်းသိကာ ရှက်လာရတော့သည်....သူ့ရင်ခွင်ထဲခေါင်းကိုငုံ့ထားမိသည်...
Jungkook ရှက်နေတဲ့သည်းငယ်လေးကြောင့်ပိုအသည်းယားမိပါသည်..စနမ်းတုန်းက သူ့အနမ်းတွေကိုတုံ့ပြန်မယ်လို့မထင်ထားမိပေ...အခုတော့ နှစ်ကိုယ်တူ စိတ်လွတ်ကိုယ်လွတ်နမ်းသလိုဖြစ်သွားသည်...ကလေးပေါက်က အခုမှအသိဝင်ကာရှက်သွားပုံရသည်..သူ့ရင်ခွင်ထဲခေါင်းလုံးလုံးလေးကိုဖွက်ထားသေးသည်...Jungkook သည်းငယ်ဆံပင်လေးကိုငုံ့မွှေးလိုက်ရင်း....
"ရှက်နေတာလား ကလေးလေး...."
ခေါင်းလေးကိုရမ်းပြသည်...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-23
Start from the beginning
