"ဟေ့..."

Jungkook ပြုံးစိစိလေးဖြစ်နေတဲ့ကောင်လေးကို ကြည့်ကာ လိုက်ပြုံးနေမိသည်...ဒီကလေးဘာတွေသဘောကျနေတယ်မသိ...

"ဗျာ.."

သူခေါ်လိုက်မှအသိဝင်ဟန် တန်ပြန်ထူးသံလေးထွက်လာသည်...

"ဗျာ ဆိုတာဘာလည်း"

"အော် အဲ့တာက မြန်မာလို ဗျာ, ခင်ဗျာ အဲ့လိုထူးတာ အယဉ်ကျေးသုံးစကားပေါ့..ကိုရီးယားလို ဟုတ်ကဲ့နဲ့တူတူပဲ"

"အော်...နားလည်ပါပြီ"

Jungkook က ပြုံးရင်းခေါင်းငြိမ့်ပြသည်..

"လာလေ"

"ဟို ..."

"ဟေး မြန်မာကောင်လေး"

Tae ရင်တွင်းတစ်နေရာက ဆစ်ခနဲ...သူရင်းနှီးနေသလိုပဲ ဒီအသုံးအနှုန်းလေးကို...

"Jungkook ကျွန်တော့်ကို အရင်ကလည်းအဲ့လိုခေါ်ဖူးလားဟင်"

Jungkook လှိုက်ခနဲဝမ်းသာသွားရသည်...သည်းငယ်မှတ်မိလာတော့မယ်ထင်တယ်...

"ခေါ်ဖူးတာပေါ့ အများကြီး တစ်ခုခုမှတ်မိလို့လားဟင်"

"ဟင့်အင်း မမှတ်မိဘူးရယ် ရင်းနှီးနေလို့ပါ"

"အော် ..မင်းအအေးမိတော့မယ်လာ"

Tae မငြင်းနေတော့ပဲ သူ့အနားလေးသွားကာထိုင်တော့ သူက Tae ခေါင်းလေးကို သေချာလေးသုတ်ပေးနေသည်...

"Jungkook မနက်ကျရင် ဘုရားလိုက်ပို့မယ်နော် "

"အင်း ကိုယ်ရောက်တုန်း မင်းနိုင်ငံဆီက အလှတရားတွေကြည့်ရမှာပေါ့"

"Jungkook သဘောကျမှာသိလား ကျွန်တော်တို့မြန်မာလူမျိုးတွေကလေ သူများကိုကူညီတယ် အလှူအတန်းတွေလည်းလုပ်တယ် အရမ်းလည်းသဘောကောင်းကြတယ်"

Jungkook ယုံပါသည်..ဒီကောင်လေးတောင် စိတ်ထားသိပ်ကောင်းပြီးဖြူစင်တာမလား...သူမွေးဖွားကြီးပြင်းရာနေရာကလူတွေလည်း စိတ်ထားကောင်းကြပါလိမ့်မည်...

"ပြီးတော့လေ Jungkook အတွက်ချစ်စရာကောင်းတဲ့ပစ္စည်းလေးတွေအမှတ်တရဝယ်ပေးမယ်နော်"

"မလိုပါဘူး...."

"ဟင်..."

Tae သူ့စကားကြောင့် သူ့မျက်နှာချောချောဆီခေါင်းလှည့်ကာကြည့်မိသည် ..သူက Tae မျက်ဝန်းတွေထဲကိုသေချာစိုက်ကြည့်ကာ Tae ပါးပြင်တစ်ဖက်ကိုသူ့လက်နဲ့အုပ်ကိုင်ရင်း

💜 I'm Your' Fan 💜(Completed)Donde viven las historias. Descúbrelo ahora