"တောင်းပန်ပါတယ် ကြိုမပြောမိဘူး....မင်း ကိုယ့်ကိုကြိုဖို့အသင့်မဖြစ်နေသေးဘူးထင်ပါတယ်.."
"မဟုတ်ပါဘူး အသင့်ဖြစ်ပါတယ်...အံ့သြသွားလို့ တကယ်ပဲ Jungkook ပါနော်..."
စကားကို တရစပ်ပြောချလာတဲ့ကောင်လေးက တကယ့် Korea လူမျိုးအတိုင်း မတွေ့ရတဲ့တစ်နှစ်အတွင်း သူလေး Korea စကားတိုးတက်လာတယ်ထင်ရသည်...
"အွန်း တကယ်ပါ..."
"သား ဘယ်သူ..."
Jungkook ကောင်လေးနောက်ကနေ ယောင်းမကြီးကိုင်ပြီးထွက်လာတဲ့ ချိုသာတဲ့မျက်နှာနဲ့အန်တီကြီးကို ဦးညွှတ်လိုက်မိသည်...
"မေ...သူကလေ ဟို ...Jungkook"
"ဘာ Jungkook...သားကိုကယ်တဲ့ Jungkook လား...သားလေးအရမ်းကြိုက်တဲ့ Korea က Idol ဆိုလားဘာလား သူလေးလား"
Tae ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ပြမိသည်...မမျှော်လင့်ထားတဲ့အခြေအနေမို့ သားမိနှစ်ယောက်လုံးခြေမကိုင်မိ လက်မကိုင်မိနဲ့ Jungkook လည်းအခုထိအပေါက်ဝမှာမက်တပ်ရယ်ပါ....
"ဟဲ့ လာလာ သားလေးလာ..."
Tae မေမေက ခုမှသတိဝင်ဟန်ဖြင့် Jungkook ကိုငေးမောနေရာမှ Jungkook လက်ကိုဆွဲကာ အိမ်ထဲခေါ်လာသည် ..Tae လည်း Jungkook လက်ထဲက အိတ်ကိုပြောင်းယူကာ နေရာချလိုက်ရင်း
"မေ သူနားမလည်ဘူးလေ မေပြောတာ.."
"အို ဟုတ်သားပဲ ဘယ်လိုလုပ်မလဲကွယ်..."
Jungkook က သူ့လက်ကိုဆွဲကာ ထိုင်ခိုင်းတဲ့ ကောင်လေးမေမေကိုပြုံးပဲပြနေမိသည်...
"Jungkook ဒါက ကျွန်တော့် မေမေ...မေမေက ကြိုဆိုပါတယ်တဲ့..."
"ကောင်လေးမေမေက ကိုယ့်ကိုမငြိုငြင်ဘူးလား"
Tae က ဘာသာပြန်ပေးရသည်..မေမေက အရမ်းဝမ်းသာနေကာ Jungkook ဆိုတာ တွေ့ရဖို့အရမ်းခက်တဲ့ Idol မှန်းလည်းသိကာ အားနာနေရသည်...တစ်ဆက်တည်း Tae ရဲ့အသက်သခင်လည်းဖြစ်တော့ ကိုယ်တိုင်ကျေးဇူးတင်စကားတွေပြောချင်ပေမယ့် ဘာသာစကားအခက်အခဲကြောင့်မပြောရတော့ ဝမ်းနည်းနေပုံရသည်....
"ထယ်ထယ် Jungkook လေးကို ဒီမှာနေချင်သလောက်နေလို့ ပြောလိုက်"
"Jungkook မေမေက ဒီမှာပျော်သလောက်နေတဲ့ ပြီးတော့ Tae ကိုကယ်ပေးတဲ့ကျေးဇူးရှင်မို့အရမ်းကျေးဇူးတင်ပါတယ်တဲ့"
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-22
Start from the beginning
