"မသိဘူး ဟင့်..."
Jungkook ငိုနေတဲ့သည်းငယ်လေးကိုရင်ခွင်ထဲဆွဲသွင်းကာ ခေါင်းလုံးလုံးလေးအား ခိုးနမ်းနေမိသည်...
.....တစ်နှစ်အတွင်းလွမ်းရတဲ့အလွမ်းတွေအတွက် ကိုယ်အတိုးချပြီး အလွမ်းဖြေတော့မှာမို့ မငိုပါနဲ့သည်းငယ်.....
Unicode....
"ဒေါက်ဒေါက်"
" ထယ်ထယ်ရေ...သား "
"ဗျာ မေ..."
"အိမ်ရှေ့မှာ ဧည့်သည်ထင်တယ် တံခါးသွားဖွင့်ပေးပါဦးကွယ်...မေမေ မီးဖိုထဲဝင်နေလို့"
"ဟုတ်မေ..."
Tae ဒီနေ့အားတာမို့ အိမ်မှာပဲရှိနေတာဖြစ်သည်...အခုဆို Tae ဘွဲ့ရပြီးလို့ စကားပြန်အလုပ်တောင်လုပ်နေပြီဖြစ်သည်.....ဧည့်ကျတဲ့အချိန်သာအလုပ်ရှုတ်တာမို့ ဒီလိုအချိန်တွေဆို Tae အားနေတတ်သည်...ပြည်ပဧည့်သည်ဆို အလည်အပတ်ပို့တာနဲ့ တစ်လကို ၃ ပတ်လောက်အိမ်မှာမရှိတတ်ပေ...
ဒီနေ့လည်း အရင်ရက်ကမှ Tae တာဝန်ယူထားတဲ့ဧည့်သည်တစ်ဖွဲ့ပြန်သွားပြီမို့ အိမ်မှာနားရက်ရတာကြောင့် အိမ်ကပ်ကာ game ဆော့နေတာပဲဖြစ်သည်...အိမ်နေရင်းမို့ ရှပ်တစ်ထည်နဲ့ ဘောင်းဘီဒူးလောက်နဲ့ Tae က ကလေးပေါက်စနှင့်ပင်တူနေတော့သည်....
"ဖေ့ ဧည့်သည်လားမသိဘူး ဘာလာလုပ်တာလည်းမသိဘူး..."
ပါးစပ်က ပွစိပွစိရွတ်ကာ တံခါးသွားဖွင့်မိသည်...
"ဟို..ဘယ်သူနဲ့တွေ့...."
Tae တံခါးဖွင့်ဖွင့်ချင်း တစ်ကိုယ်လုံးအနက်ဝတ်စုံပွပွနဲ့ ဦးထုတ်ဝိုင်းဝိုင်းကိုဆောင်းကာ ကျောပိုးအိတ်ကြီးကြီးရယ် ခရီးဆောင်အိတ်ရယ်နဲ့ လူတစ်ယောက်...အစက mask နဲ့အုပ်ထားတာမို့ ဘယ်သူမှန်းမသိပေ...ထိုလူက mask ကိုချွတ်လိုက်တာမို့ Tae မေးနေတဲ့စကားလေးလေထဲပျောက်သွားရသည်....
"Jungkook...."
"ဟို မင်းဆီလာလည်တာ..."
"ဗျာ...."
Jungkook အံ့သြကာ မျက်ဝန်းလေးတွေဝိုင်းစက်ပြီး မြန်မာရဲ့အာမေဋိတ်သံနဲ့ထူးလာတဲ့ကောင်လေးကိုကြည့်ရင်း အားနာသွားရကာ
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-22
Start from the beginning
