"မဟုတ်ဘူး အရမ်းပျော်တယ်...တကယ် ပြောမပြတတ်အောင်ပျော်သလို Jungkook ကိုလည်းအားနာရတယ်...ကျွန်တော်တို့အိမ်လို သာမာန်အိမ်လေးမှာ အဆင်မပြေမှာလည်းစိုးရိမ်မိတယ်"

"ဘာလို့လည်း ကိုယ်က Idol မို့လား"

"........"

"အဲ့ပကာသနတွေမလိုဘူး မင်းသိလား...ကိုယ်နဲ့အတူရှိနေတာ မင်းဖြစ်ရင်ရပြီ...ကိုယ်လည်းလူတွေထဲကလူပါပဲ ပုံမှန်ပဲမို့ ကိုယ်တကယ်အဆင်ပြေတာမို့ အားနာတဲ့စိတ်မျိုးမထားရင်ကောင်းမယ်"

"ဟုတ်..."

Jungkook အခန်းထဲရောက်မှ အံ့သြမိသည်...ကောင်လေးက သူ့ Fan ဆိုတာသိပေမယ့် ဒီလောက်ကြီးထိလို့ထင်မထား...အခန်းအပြည့် Jungkook ပုံတွေ...Jungkook နဲ့ပတ်သတ်တဲ့ အသုံးအဆောင်တွေ...အကုန် Jungkook ပုံတွေနဲ့ချည်းဖြစ်ကာ..ကုတင်ပေါ်က အရုပ်တွေတောင် Kookie ရုပ်လေးတွေပင်....

အံ့သြကာ ကောင်လေးကိုကြည့်မိတော့ မျက်နှာရဲရဲလေးက ခေါင်းငုံ့နေကာ လည်ပင်းသားလေးတွေကိုလက်လေးနဲ့ပွတ်သပ်နေသည်...Jungkook ပျော်လည်းပျော်သလို ရင်တွေလည်းခုန်ရပါသည်...ကြည့်ပါဦး ဒီကောင်လေးဘယ်လောက်ထိချစ်စရာကောင်းလည်းလို့...

တဆက်တည်းကံကြမ္မာကိုလည်းကျေးဇူးတင်မိသည်...ဒီလို Crazy Fan လေးကိုသိရှိခွင့်ရပြီး ချစ်ခွင့်ရနေတာ အလွန်ကံကောင်းလို့သာ...သူသာဒီကောင်လေးနဲ့မဆုံဆည်းခဲ့ရင် ဒီလိုအရူးအမူးချစ်ပေးတဲ့ Fan ရှိလိမ့်မည်လို့လည်းမထင်မိပေ....

အခုတော့ သူ့ကိုအရူးအမူးစွဲလမ်းတဲ့ Fan boy အကြီးစားလေးကို သူကပါ အရူးအမူးချစ်နေမိခြင်း....

Tae အံ့သြနေတဲ့ Jungkook မျက်နှာချောချောအားခိုးကြည့်ရင်း ပိုရှက်ရပါသည်...ကိုယ့် Idol ကိုတအားစွဲလမ်းတဲ့ကိစ္စ Idol သိတာကောင်းလွန်းလှပေမယ့် သူရှက်နေမိတာ ဘာကြောင့်ရယ်မသိပါ....

"ဟို...အာ့ကြောင့်ပြောတာ မေ့ကို Jungkook ကျွန်တော့်အခန်းထဲဝင်လို့မဖြစ်ပါဘူးဆို အင့်"

Jungkook ကိုပြောရင်း တစ်ချက်တည်း ငိုနေတဲ့ကောင်လေးရယ်ပါ...

"ဘာလို့ ငိုတာလည်း ကိုယ်..."

💜 I'm Your' Fan 💜(Completed)Where stories live. Discover now