Jungkook ပြောတာက Tae အိမ်ကနွေးထွေးတယ်တဲ့...သူပျော်ပါတယ်တဲ့လေ...မေမေကတော့ Jungkook ဒီမှာနေတုန်း မြန်မာမုန့်မျိုးစုံလုပ်ကျွေးဦးမယ်ဆိုပဲ...Tae ကိုလည်း အလည်လိုက်ပို့ပေးဖို့ပြောသည်....
ခက်တာက Jungkook မှန်းသိသွားကြရင် တကယ်မလွယ်ပေ...အပြင်သွားတိုင်း ရုပ်ဖျက်နေရအောင်လည်း မြန်မာနိုင်ငံက Korea မဟုတ်...အရမ်းပူပါသည် Jungkook အတွက်...
ပျော်ပျော်ပါးပါး စားသောက်ကြပြီး အိပ်တော့မှအခက်တွေ့တော့တာပဲဖြစ်သည်...
"ထယ်ထယ် သားဘာဖြစ်နေတာလည်း"
"မေ ကလည်းဗျာ သားအခန်းထဲမအိပ်ခိုင်းပါနဲ့ သူ့ပုံတွေသူတွေ့သွားရင် သားတော့အရှက်ကွဲပါပြီ"
"အိုအေ ကိုယ့် Idol ကိုယ်ကြိုက်လို့ ပုံတွေတစ်ခန်းလုံးကပ်ထားတာပဲ ဘာဖြစ်လည်း Jungkook လေးတောင်ဝမ်းသာဦးမယ်..သားကသူ့ပရိသတ်အကြီးစားမလို့..."
"မေကလည်း..."
နှုတ်ခမ်းစဆူနေပြီဖြစ်တဲ့ TaeTae ပါ...Jungkook ကတော့ ညီလေးနဲ့ ဧည့်ခန်းမှာ Game စက်နှိပ်ကာဆော့နေတာကြောင့် Tae တို့သားအမိစကားများနေတာကိုမကြားပေ...
ကြားလည်း နားမလည်တော့ နားငြီးရုံသာ...
နောက်ဆုံးတော့ Tae အခန်းထဲပဲ Jungkook လိုက်လာရတော့သည် ....Jungkook ရှေ့ကနေသွားနေတဲ့ ကောင်လေးကိုကြည့်ကာ ပြုံးနေမိသည်...ဘောင်းဘီတိုလေးနဲ့မို့ ခြေသလုံးသားဝင်းဝင်းသွယ်သွယ်လေးတွေကထင်းလို့...အနည်းငယ်လုံးကစ်နေတဲ့တင်ပါးလေးတွေကြောင့် ကောက်ကြောင်းလေးကလည်းပေါ်နေကာ အနောက်ကကြည့်တာတောင် ချစ်စရာလေးရယ်ပါ....
"ဟို Jungkook ကျွန်တော်နဲ့အတူအိပ်လို့အဆင်ပြေရဲ့လားဟင် Jungkook အခန်းထက်အများကြီးကျဉ်းတယ်မလား"
"ရပါတယ် ကိုယ်အဆင်ပြေပါတယ်...မင်းအဆင်မပြေရင် ကိုယ် Hotel မှာသွား..."
"ဟင့်အင်းကျွန်တော်ပြေတယ်"
"Ok..."
အပေါ်ထပ်က အစွန်ဆုံးအခန်းရှေ့ရောက်တော့ ကောင်လေးက တံခါးဖွင့်ဖို့ကိုတုံ့ဆိုင်းနေလေသည်...
"ကောင်လေး ကိုယ်ရုတ်တရက်လာလည်လိုက်တာ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်"
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-22
Start from the beginning
