"အွန်း တကယ်ပါ..."

"သား ဘယ်သူ..."

Jungkook ကောင်လေးနောက်ကနေ ယောင်းမကြီးကိုင်ပြီးထွက်လာတဲ့ ချိုသာတဲ့မျက်နှာနဲ့အန်တီကြီးကို ဦးညွှတ်လိုက်မိသည်...

"မေ...သူကလေ ဟို ...Jungkook"

"ဘာ Jungkook...သားကိုကယ်တဲ့ Jungkook လား...သားလေးအရမ်းကြိုက်တဲ့ Korea က Idol ဆိုလားဘာလား သူလေးလား"

Tae ခေါင်းကိုသာ တဆတ်ဆတ်ငြိမ့်ပြမိသည်...မမျှော်လင့်ထားတဲ့အခြေအနေမို့ သားမိနှစ်ယောက်လုံးခြေမကိုင်မိ လက်မကိုင်မိနဲ့ Jungkook လည်းအခုထိအပေါက်ဝမှာမက်တပ်ရယ်ပါ....

"ဟဲ့ လာလာ သားလေးလာ..."

Tae မေမေက ခုမှသတိဝင်ဟန်ဖြင့် Jungkook ကိုငေးမောနေရာမှ Jungkook လက်ကိုဆွဲကာ အိမ်ထဲခေါ်လာသည် ..Tae လည်း Jungkook  လက်ထဲက အိတ်ကိုပြောင်းယူကာ နေရာချလိုက်ရင်း

"မေ သူနားမလည်ဘူးလေ မေပြောတာ.."

"အို ဟုတ်သားပဲ ဘယ်လိုလုပ်မလဲကွယ်..."

Jungkook က သူ့လက်ကိုဆွဲကာ ထိုင်ခိုင်းတဲ့ ကောင်လေးမေမေကိုပြုံးပဲပြနေမိသည်...

"Jungkook ဒါက ကျွန်တော့် မေမေ...မေမေက ကြိုဆိုပါတယ်တဲ့..."

"ကောင်လေးမေမေက ကိုယ့်ကိုမငြိုငြင်ဘူးလား"

Tae က ဘာသာပြန်ပေးရသည်..မေမေက အရမ်းဝမ်းသာနေကာ Jungkook ဆိုတာ တွေ့ရဖို့အရမ်းခက်တဲ့ Idol မှန်းလည်းသိကာ အားနာနေရသည်...တစ်ဆက်တည်း Tae ရဲ့အသက်သခင်လည်းဖြစ်တော့ ကိုယ်တိုင်ကျေးဇူးတင်စကားတွေပြောချင်ပေမယ့် ဘာသာစကားအခက်အခဲကြောင့်မပြောရတော့ ဝမ်းနည်းနေပုံရသည်....

"ထယ်ထယ် Jungkook လေးကို ဒီမှာနေချင်သလောက်နေလို့ ပြောလိုက်"

"Jungkook မေမေက ဒီမှာပျော်သလောက်နေတဲ့ ပြီးတော့ Tae ကိုကယ်ပေးတဲ့ကျေးဇူးရှင်မို့အရမ်းကျေးဇူးတင်ပါတယ်တဲ့"

" ကောင်လေးမေမေက အရမ်းလှတာပဲ...ကိုယ့်မေမေကိုတောင်သတိရစေတယ်"

Tae ပြန်ပြောတော့ မေမေက Jungkook ကို ပုခုံးလေးကနေဖက်ပြီးနှစ်သိမ့်ပေးသည်...ဒီလိုနဲ့ ညီလေးရော ဖေဖေတို့ရောနဲ့ Jungkook ကိုမိတ်ဆက်ပေးတော့ အားလုံးက ဖော်ရွေစွာကြိုဆိုကြသည်...
ညစာလည်းအတူတူစားကာ စကားပြောတော့ Tae က ဘာသာပြန်ပေးရသည်...

💜 I'm Your' Fan 💜(Completed)Onde histórias criam vida. Descubra agora