Tae ပါးလေးတွေရဲသွားသည်..Jungkook စကားတွေတိုင်းရင်ဘတ်ထဲကလိုက်ခံစားနေတာ ဘာလို့မှန်းမသိ...Jungkook သိရင်ရှက်ဖို့ကောင်းပါသည်...

"ဟုတ်"

Jungkook လွမ်းရပါသည်...ချစ်စရာကောင်လေးရဲ့အသံလေးနဲ့တင် မျက်နှာလေးကိုပြေးတွေ့ချင်စိတ်ကထိန်းမရ...စောင့်နေပေးပါကလေးလေး ....ကိုယ်သေချာပေါက်မင်းဆီလိုက်လာမှာ...

"Jungkook ဟိုလေ..."

"အွန်း ပြောလေ..."

"ဟို ရည်းစားရှိပြီလားဟင်.."

"ဘာလို့..."

"အော် တစ်မျိုးမထင်ပါနဲ့နော် ကျွန်တော်သတင်းတွေလျှောက်မဖွပါဘူး ဒီကလူတွေက ကျွန်တော့်ကိုကယ်တာ Jungkook လို့တောင်မပြောထားလို့ မသိကြဘူး...ဟို လက်ပတ်ပုံတင်ထားလို့ အဲ့တာ..."

"လက်ပတ်ကလေ..."

"ကျွန်တော့်မှာလည်း ရှိနေတယ်..Jungkook လက်ပတ်လေးနဲ့တစ်ပုံစံတည်းသိလား.."

Jungkook ဟန်ဆောင်ပြီးတောင်မပြုံးနိုင်တော့ပေ...သူ့ကိုမမှတ်မိတာ ကိစ္စမရှိဘူးလို့ လေကြီးခဲ့သမျှ ရင်ကွဲပက်လက်ပါ...သည်းငယ်ဘက်က မမှတ်မိလေ သူစိတ်ထိခိုက်ရလေပါပဲ....

ဒါပေမယ့် သည်းငယ်မို့လို့ မှတ်မိအောင်အတတ်နိုင်ဆုံးကြိုးစားရမှာသူ့တာဝန်ပါ...

"ရှိတယ် ချစ်သူ"

"......"

Tae ဘာရယ်မသိ ဝမ်းနည်းသွားသည်...မထားစေချင်သေးတာကို ခုထိ ယုန်ပေါက်လေး ကလေးလေးလို့ပဲမြင်နေသေးတာကို ချစ်သူရှိသည်တဲ့...

"လက်ပတ်က သူ့ဆီကရတဲ့ ပထမဆုံးလက်ဆောင်လေး"

"အဲ့တာမို့ပုံတင်ထားတာပေါ့"

"အင်း..."

"နောက်ဆုံးတင်ထားတဲ့ အခန်းပုံနဲ့ စာသားကရော..."

"သူနေသွားတဲ့အခန်း သူကမိုးချိန်းသံကြောက်လို့ကိုယ်သွားအိပ်ပေးဖူးတယ်...ပြီးတော့ ကိုယ့်မေမေကိုအတူတူဂါရဝသွားပြုတဲ့ညက သူကြောက်အောင်စပြီး သွားအိပ်ပေးဖူးတယ်...အခုသူအနားမှာမရှိတော့လို့ အထီးကျန်လို့ တင်ထားတာ..."

Tae ဝမ်းနည်းသွားရသည်...Jungkook က သူ့ချစ်သူကိုတကယ်ချစ်တာပဲ...

"ချစ်သူက ဘယ်ရောက်သွားလို့လည်းဟင်"

"သူကိုယ့်ကိုမေ့သွားတယ်...ကိုယ့်ကိုအထင်လွဲနေတာကို ရှင်းပြမလို့လုပ်တော့ သူလက်မခံဘူး..ကား accident ဖြစ်ပြီး သူမေ့သွားတယ်..."

"ဟင်းးး စိတ်မကောင်းလိုက်တာ Jungkook ရယ်"

"စိတ်မကောင်းမဖြစ်ပါနဲ့ မင်းနဲ့ပြောရလို့ပျော်ပါတယ်...စောစောအိပ်နော်...Good Night"

"ဟုတ် Good Night ပါ.."

Tae ph ချလိုက်ပေမယ့် ရင်ထဲနေလို့မကောင်း...Jungkook လည်းကျန်းမာရေးမကောင်းတဲ့အပြင် စိတ်မကောင်းစရာအချစ်ရေးလည်းရှိလေသည်...Idol အတွက်လည်းဝမ်းနည်းမိပါသည်...

တစ်ဖက်က Jungkook မှာတော့ ph လေးကိုင်ကာ Tae နေသွားတဲ့အခန်းက နံရံကိုမှီကာ  ထိုင်ချရင်း

....မြန်မြန်ကိုယ့်ကိုမှတ်မိပေးပါတော့လား သည်းငယ်ရယ်...

...................

......သည်းငယ်......သည်းငယ်......

Tae လန့်နိုးလာခဲ့သည်...အိမ်မက်ထဲမှာ မျက်နှာကိုသဲသဲကွဲကွဲမမြင်ရသည့် လူတစ်ယောက်က Tae ကိုခေါ်နေတာ...ထပ်မက်ပြန်ပြီ ဒီအိမ်မက်ပဲ...Tae အိမ်ကိုပြန်ရောက်ကတည်းက ဒီအိမ်မက်ကိုခနခနမက်သည်....

မက်ပြီးတိုင်းလည်းရင်တွင်းတစ်နေရာကစူးအောင့်နေရမြဲ...ဘာကြောင့်ရယ်မသိ အိမ်မက်ထဲကကောင်လေးက Tae နဲ့နင့်နင့်နက်နက်ပတ်သတ်ဖူးတယ်လို့ခံစားရသည်...

ဒါပေမယ့် Tae မှအဲ့လောက်ဘယ်သူနဲ့မှမရင်းနှီးဘူးပါ...ပုံမှန်ဆိုနိုးလာရင်ဘာအိမ်မက်မက်မှန်းတောင်မသိတဲ့ Tae...အခုတော့ Tae အိမ်မက်တွေထဲ အဲ့လူသားတစ်ယောက်သာစိုးမိုးထားခဲ့သည်......

...............................

Jungkook ဆွဲလက်စပန်းချီကို လက်စသတ်လိုက်သည်...ပန်းချီဆွဲလည်းတော်တဲ့ Jungkook က အခုတလောအခန်းထဲအောင်းကာ ပန်းချီဆွဲရင်း လွမ်းဆွတ်နေရတဲ့အချိန်တွေကိုကုန်ဆုံးနေမိသည်....ပိတ်သားဖြူဖြူထက်က Boxy Smile ပိုင်ရှင်ကောင်လေးကိုကြည့်နေရင်း မျက်ရည်တို့ဝေ့တက်လာရသည်.....

လွမ်းတယ်သည်းငယ်....ချစ်စရာပုံရိပ်လေးတွေရယ်...ပြုံးနေတတ်တဲ့ စိတ်ထားဖြူစင်တဲ့ကောင်လေးကိုလွမ်းတယ်....
သူဆုံးဖြတ်ပြီးပြီ..အဝေးကနေသူ့ကိုမှတ်မိမယ့်အချိန်ကိုထိုင်စောင့်မနေတော့ဘဲ အနားကနေ သည်းငယ်မှတ်မိဖို့ကူညီမည်...မမှတ်မိရင်တောင် ထပ်ပြီးသည်းငယ်နှလုံးသားကိုပိုင်ဆိုင်ရအောင်ထပ်လုပ်မည်...

Jeon Jungkook ဆိုတဲ့လူသားဟာ TaeTae ဆိုတဲ့ကောင်လေးရဲ့ပိုင်ရှင်သာဖြစ်ရပါမည်....

💜 I'm Your' Fan 💜(Completed)Where stories live. Discover now