Jeon Jungkook ဆိုတဲ့လူသားဟာ TaeTae ဆိုတဲ့ကောင်လေးရဲ့ပိုင်ရှင်သာဖြစ်ရပါမည်....


Unicode...



"Hello..."

Jungkook ငိုမိပါသည်...တစ်ဖက်က Hello ထူးသံ ခပ်သြသြလေးကို သူဘယ်လောက်လွမ်းခဲ့ရလည်း...ယောကျာ်းတန်မဲ့မျက်ရည်လွယ်တယ်လို့ပြောခံရရင်လည်းခံရမှာပင်....အချစ်ကြောင့် ဝမ်းနည်းတတ်တာ စိတ်ထိခိုက်ရတာက ယောကျာ်းရောမိန်းမပါအတူတူပဲမို့လို့....

"Hello Jungkook လားဟင်..."

Tae ကိုဘာမှမဖြေတာမို့ Tae အရဲစွန့်ကာထပ်မေးလိုက်သည်...Korea ကဆက်မယ့် ph ဆိုလို့ Jungkook သာရှိသည်ပဲ...

"အင်း ကိုယ်ပါ..."

"Jungkook ဆက်မယ်ဆိုလို့ မျှော်နေတာ ၆ လတောင်ကြာခဲ့ပြီ"

Jungkook မျက်ရည်ကြားမှ ပြုံးမိပါသေးသည်...သည်းငယ်ကမျှော်နေတာတဲ့လေ...

"Jungkook...."

"လွမ်းနေတာ..."

"ဟင်...."

"ဟုတ်တယ် အပြင်မှာတွေ့ရရင်ကောင်းမယ်"

Tae ပြုံးလိုက်ရင်း...

"ကျွန်တော် လည်းတွေ့ချင်ပါတယ်...တကယ်ပြောတာ...ဒါနဲ့ ဘာလို့ ၆ လကြာမှဆက်သွယ်တာလည်းဟင်..."

"အမှန်တိုင်းပြောရမှာလား"

"ဟုတ်"

"လွန်ခဲ့တဲ့ သုံးလက Heart Attack ပြန်ဖြစ်လို့ ဆေးရုံတက်နေရတာ..."

"ဟင် Heart Attack က ဘာလို့ အခုမှစဖြစ်တာလား Jungkook မှာအဲ့ရောဂါရှိတယ်လို့ သတင်းမကြားဖူးပါဘူး"

"မဟုတ်ဘူး ကိုယ်မြတ်နိုးရတဲ့သူ ကား accident ဖြစ်တုန်းက ကိုယ်ပါ Heart Attack ရသွားရင်းနဲ့ နောက်ပိုင်း စိတ်အခန့်မသင့်ရင် ဖြစ်တာစိတ်လာရော..."

"Jungkook ရယ်...ကျွန်တော် ဘာလုပ်ပေးရမလည်းဟင်"

Jungkook ခုထိ စိတ်ထားဖြူစင်တဲ့ကောင်လေးကိုချစ်နေရတုန်း....

"ဘာမှလုပ်ပေးစရာမလိုပါဘူး..မင်းနဲ့အခုလိုပြောနေတာလေးတင်ရပါပြီ.."

...ကိုယ့်ချစ်သူအဖြစ်နေပေးပါလို့ပြောရင် ပါးလေးတွေရဲကာ ရှက်နေပါဦးမည်....

💜 I'm Your' Fan 💜(Completed)Where stories live. Discover now