"ဟုတ်"
Jungkook လွမ်းရပါသည်...ချစ်စရာကောင်လေးရဲ့အသံလေးနဲ့တင် မျက်နှာလေးကိုပြေးတွေ့ချင်စိတ်ကထိန်းမရ...စောင့်နေပေးပါကလေးလေး ....ကိုယ်သေချာပေါက်မင်းဆီလိုက်လာမှာ...
"Jungkook ဟိုလေ..."
"အွန်း ပြောလေ..."
"ဟို ရည်းစားရှိပြီလားဟင်.."
"ဘာလို့..."
"အော် တစ်မျိုးမထင်ပါနဲ့နော် ကျွန်တော်သတင်းတွေလျှောက်မဖွပါဘူး ဒီကလူတွေက ကျွန်တော့်ကိုကယ်တာ Jungkook လို့တောင်မပြောထားလို့ မသိကြဘူး...ဟို လက်ပတ်ပုံတင်ထားလို့ အဲ့တာ..."
"လက်ပတ်ကလေ..."
"ကျွန်တော့်မှာလည်း ရှိနေတယ်..Jungkook လက်ပတ်လေးနဲ့တစ်ပုံစံတည်းသိလား.."
Jungkook ဟန်ဆောင်ပြီးတောင်မပြုံးနိုင်တော့ပေ...သူ့ကိုမမှတ်မိတာ ကိစ္စမရှိဘူးလို့ လေကြီးခဲ့သမျှ ရင်ကွဲပက်လက်ပါ...သည်းငယ်ဘက်က မမှတ်မိလေ သူစိတ်ထိခိုက်ရလေပါပဲ....
ဒါပေမယ့် သည်းငယ်မို့လို့ မှတ်မိအောင်အတတ်နိုင်ဆုံးကြိုးစားရမှာသူ့တာဝန်ပါ...
"ရှိတယ် ချစ်သူ"
"......"
Tae ဘာရယ်မသိ ဝမ်းနည်းသွားသည်...မထားစေချင်သေးတာကို ခုထိ ယုန်ပေါက်လေး ကလေးလေးလို့ပဲမြင်နေသေးတာကို ချစ်သူရှိသည်တဲ့...
"လက်ပတ်က သူ့ဆီကရတဲ့ ပထမဆုံးလက်ဆောင်လေး"
"အဲ့တာမို့ပုံတင်ထားတာပေါ့"
"အင်း..."
"နောက်ဆုံးတင်ထားတဲ့ အခန်းပုံနဲ့ စာသားကရော..."
"သူနေသွားတဲ့အခန်း သူကမိုးချိန်းသံကြောက်လို့ကိုယ်သွားအိပ်ပေးဖူးတယ်...ပြီးတော့ ကိုယ့်မေမေကိုအတူတူဂါရဝသွားပြုတဲ့ညက သူကြောက်အောင်စပြီး သွားအိပ်ပေးဖူးတယ်...အခုသူအနားမှာမရှိတော့လို့ အထီးကျန်လို့ တင်ထားတာ..."
Tae ဝမ်းနည်းသွားရသည်...Jungkook က သူ့ချစ်သူကိုတကယ်ချစ်တာပဲ...
"ချစ်သူက ဘယ်ရောက်သွားလို့လည်းဟင်"
"သူကိုယ့်ကိုမေ့သွားတယ်...ကိုယ့်ကိုအထင်လွဲနေတာကို ရှင်းပြမလို့လုပ်တော့ သူလက်မခံဘူး..ကား accident ဖြစ်ပြီး သူမေ့သွားတယ်..."
VOCÊ ESTÁ LENDO
💜 I'm Your' Fan 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-21
Começar do início
