"ဘယ်သူတွေလည်းဟင် Jungkook "

Tae ဆီကအသံကြောင့် လက်ထဲကပစ္စည်းလေးတွေပင်လွတ်ကျကုန်သည်....အားလုံးက Jungkook ကိုကြည့်လာတာကြောင့် Jungkook ခေါင်းရမ်းပြမိသည်....Tae သူတို့ကိုမေ့သွားပြီဆိုတဲ့သဘောပါ...

Tae သူ့ကို ဝမ်းနည်းတဲ့မျက်နှာတွေနဲ့ကြည့်လာတဲ့ အစ်ကိုချောချော ငါးယောက်ကိုကြည့်ကာဘာပြောရမှန်းမသိပေ....

"Jungkook အားတင်းထားပါကွာ...ငါတို့သွားတော့မယ်...သူသတိရလာမှ ငါတို့ဆုံတာကောင်းပါလိမ့်မယ်ကွာ..."

"TaeTae ရယ်..."

Jimin ကစိတ်မထိန်းနိုင်စွာ ငိုသည်...Yoongi Hyg က ပုခုံးလေးဖက်ကာ အခန်းအပြင်ကိုချော့ခေါ်သွားသည်....Jin Hyg လည်းငိုချင်တာကိုထိန်းထားပုံရသည်...Namjoon Hyg က Jin Hyg ကိုဖက်ထားသည်.....Hobi Hyg ရဲ့မျက်လုံးတွေလည်းနီရဲနေခဲ့သည်......သူတို့ယူလာခဲ့တဲ့ပန်းလေးတွေသစ်သီးခြင်းလေးတွေကတော့ ကြမ်းပြင်ပေါ်မှာ ပိုင်ရှင်မဲ့စွာ....

Jungkook ကိုယ်တိုင် Tae ကိုကျောပေးကာ မျက်ရည်တို့သုတ်နေရသည်....တစ်နေ့ သူတို့ကို ဒီကလေးမေ့သွားမှာမှန်းသိနေရက် အမှန်တရားကိုလက်မခံချင်...အားလုံးကလည်း Tae လေးအပေါ်သံယောဇဉ်က မနည်းပေ...

သူတို့ကို Tae လေးကပြန်မှတ်မိလာမှာတဲ့လား

...........................

"မေ...ဖေ...ညီလေး...."

"သားလေး သား"

Tae ကိုပြေးပွေ့ကြသည်...

"သားရယ် မသေကောင်းမပျောက်ကောင်း ကလေးရယ် အဟင့်ဟင့်"

"မငိုပါနဲ့တော့ မေရယ်...သားအခုပြန်ရောက်နေပြီပဲဟာ"

"ကိုကိုကြီး..အီးဟီးဟီး...သားကလွမ်းနေတာကို"

"အားရီးဂူး ငါတို့ထယ်ဟွန်းလေးက ဟုတ်ပ...ကိုကိုကပစ်ထားမိသွားတယ်...တောင်းပန်ပါတယ်ဗျာ..."

"ကိုကိုကြီး မကောင်းဘူး"

"ဟုတ်ပါပြီနော် ကိုကိုကြီးက မကောင်းဘူး..ထယ်ဟွန်းလေးကြိုက်တာ ဝယ်ကျွေးမယ်နော် မငိုနဲ့တော့"

"ဟုတ်..."

Tae နဲ့ညီလေးကို ပြုံးကြည့်နေသော ဖေဖပါ...ပြုံးနေတဲ့ဖေဖေ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့....

"ဖေ..."

Tae ငိုကာဖက်ထားမိသည်....

"သားတောင်းပန်ပါတယ်..."

"မဟုတ်တာသားရယ် အခုလိုအသက်ရှင်ပေးနေတာကိုပဲ ဖေဖေတို့က ကျေနပ်ပါပြီ"

"လာလာ သားလေးလာ သားလေးကြိုက်တဲ့ဟင်းတွေမေမေချက်ထားတယ်.."

"ဟုတ်မေ...."

..........................

၆ လအကြာ.....

Jungkook သီချင်းတွေဆက်ထွက်ခဲ့သည်...နောက်ပိုင်း အလွမ်းအဆွေးသီချင်းတွေသာပိုများသည်..Begin ဆိုတဲ့သီချင်းလေးကို Tae အကြိုက်ဆုံးပင်....

Tae အကျီဖြူဖြူပေါ် Jungkook ထိုးပေးတဲ့လတ်မှတ်လေးကိုကြည့်ကာ Tae မှာအရမ်းကျေနပ်ရသည်....Tae ကိုကယ်ခဲ့တာ Tae အရူးအမူးသဘောကျတဲ့ အဆိုတော် Jeon Jungkook လို့မေတို့ကိုပြောပြတုန်းကဆို အရမ်းအံ့သြသွားကြသည်...

ပြီးတော့ Jungkook နဲ့ Tae ကိုမေက ရေစက်ရှိတယ်တဲ့....ကံဆိုးမှုကြောင့် လေယျာဉ်ပျက်ကြရပေမယ့် ကံကောင်းမှုကြောင့် Jungkook နဲ့တွေ့ရသည်...Tae ပြောပြပြီးကတည်းက မေဆို ဘုရားရှိခိုးတိုင်း Jungkook ကိုမေတ္တာပို့ပေးသည်...ကျန်းမာချမ်းသာဖို့ လူချစ်လူခင်များဖို့ပေါ့...

Tae တောင်စလိုက်သေးသည်...မေပို့နေတဲ့မေတ္တာတွေက ပို့စရာတောင်မလိုဘူးလို့ Jungkook က အစစအရာရာပြည့်စုံပြီးသားလို့လေ...မေတို့ဖေတို့ကတော့ အခွင့်အရေးရရင် Jungkook ကိုအပြင်မှာတစ်ခါလောက်တွေ့ချင်ပါသည်တဲ့လေ...

Tae လည်းတွေ့ချင်ပါသည်...အခုဆို Tae နောက်ဆုံးနှစ်ပြန်တက်နေသည် ....မကြာခင်ဘွဲ့ရတော့မှာပါ....Tae စာကျက်နေရင်း ph ကိုခနဖွင့်ကြည့်မိသည် ....Jungkook Acc လေးကိုကြည့်နေမိပေမယ့်...အခန်းတစ်ခန်းရဲ့ပုံလေးကိုတင်ကာ Lonely ဆိုတဲ့ Caption တိုတိုတစ်ခုနဲ့တင်ထားတာကနောက်ဆုံး update ပင်....

အပေါ်က post က လက်ပတ်ကြိုးလေး...ဟင် ကြည့်ရင်းကြည့်ရင်း Tae ပတ်ထားတာနဲ့အတူတူလားလို့...Tae ချွတ်ကာသိမ်းထားမိတဲ့ လက်ပတ်ကြိုးလေးကိုသွားယူကာကြည့်မိသည်...

ဟုတ်တယ် တူတူပဲ...Tae ပျော်ပါသည် Idol နဲ့ဆင်တူပစ္စည်းရှိတာ ဘယ်လောက်ကောင်းလဲ...

"If you...Are too good to be true..."

Tae ph ringtone လေးထမြည်တာကြောင့် Screen ကိုကြည့်မိတော့....

"010-................."

Korea No....မဟုတ်မှ......

💜 I'm Your' Fan 💜(Completed)Where stories live. Discover now