လက်သီးလေးနှစ်ဖက်ကို ဆုပ်ကာ အားရပါးရပြောနေတဲ့ကောင်လေးရယ်ပါ...ဘာတဲ့ ငါတို့ Jungkookie လေးတဲ့...Jungkook ကို Fan Girl လေးတွေ ခေါ်တာ Comment မှာမြင်ဖူးသည်...ဒီကလေးက ဘယ်လိုလုပ်...

Tae အခုမှ Group ထဲက ခေါ်နေကျ ငါတို့ ဂျောင်ကုကီလေးလို့ ခေါ်လိုက်မိတာကို သတိထားမိသွားကာ

"ဟိုလေ ရှိတယ်မလား Jungkook fan တွေက ခေါ်တယ်လေ အဲ့လို မြန်မာမှာလည်း အဲ့လိုခေါ်တယ် Jungkook ကို အူယားလို့တဲ့..."

"ဒါဆို မင်းကရော အူယားလို့ခေါ်တာလား"

Jungkook စကားကြောင့် Tae နေရခက်သွားရသည်...

"အင်းလေ..ဒါ..ဒါပေါ့ ကျွန်တော်က Jungkook ရဲ့အမာခံပရိသတ်ပဲဟာ.."

Jungkook ပြုံးပြီးသာကြည့်နေလိုက်သည်...သူနမ်းလို့ရှက်ရင်လည်း ဒီလိုလေးပဲလေ...

"လတ်မှတ်ထိုးပေးတာကို မင်းဘက်ကတစ်ခုခုပြန်လုပ်ပေးမလား"

"ဘာလုပ်ပေးရမလဲဟင်"

"မင်းအိမ်လိပ်စာရေးပေးခဲ့ပါလား ph no ရယ်...ဟိုရောက်ရင် မင်းက ph no ပြောင်းကိုင်ရမှာဆိုတော့"

Tae ပျော်သွားရသည်...တကယ်ကိုထီပေါက်သလိုပင်...Jungkook သာ ph ဆက်ခဲ့ရင် အဟီး...

"ရေးပေးမှာပေါ့ မြန်မာကို လာလည်ဖြစ်မှာကြောင့်မို့လားဟင်...တကယ်လို့ လာလည်ဖြစ်ခဲ့ရင် ကျွန်တော့်အိမ်ကိုဝင်ခဲ့နော်...အင်ချွန်းလေဆိပ်ကနေ ရန်ကုန်ကိုတိုက်ရိုက်လေယာဉ်စီးလို့ရတယ်...လာရင်နီးနီးလေးရယ်"

Jungkook သူ့ကို မျက်နက်ဝန်းလေးဝင့်ကာ အားတက်သရောပြောနေတဲ့ ကောင်လေးကိုကြည့်ကာ စိတ်ထဲနေလို့မကောင်းတော့...သူမခွဲနိုင်ပေ...မြန်မာနိုင်ငံကို လည်ဖို့တစ်ခါမှမစဉ်းစားမိပါ...သွားဖြစ်ရင်တောင် ကောင်လေးအိမ်ကိုသာ တန်းတန်းမတ်မတ်သွားရန်အတွက်သာဖြစ်ပေလိမ့်မည်...

လောလောဆယ်ကို မခွဲနိုင်တာက ပြဿနာပါ....ဒီကောင်လေး အိမ်မှာမရှိမယ့်ရက်တွေကို တွေးကြည့်လို့တောင်မရ....

"TaeTae ရေ"

"Tae လေး"

"ကလေး..."

ရှေ့ဆင့်နောက်ဆင့် ပန်းစည်းတွေ မုန့်ခြင်းတွေနဲ့ဝင်လာတဲ့ Jin Hyg တို့အုပ်စု....Tae ရော Jungkook ပါလှည့်ကြည့်ကာ

💜 I'm Your' Fan 💜(Completed)Where stories live. Discover now