သူတို့ကို Tae လေးကပြန်မှတ်မိလာမှာတဲ့လား
...........................
"မေ...ဖေ...ညီလေး...."
"သားလေး သား"
Tae ကိုပြေးပွေ့ကြသည်...
"သားရယ် မသေကောင်းမပျောက်ကောင်း ကလေးရယ် အဟင့်ဟင့်"
"မငိုပါနဲ့တော့ မေရယ်...သားအခုပြန်ရောက်နေပြီပဲဟာ"
"ကိုကိုကြီး..အီးဟီးဟီး...သားကလွမ်းနေတာကို"
"အားရီးဂူး ငါတို့ထယ်ဟွန်းလေးက ဟုတ်ပ...ကိုကိုကပစ်ထားမိသွားတယ်...တောင်းပန်ပါတယ်ဗျာ..."
"ကိုကိုကြီး မကောင်းဘူး"
"ဟုတ်ပါပြီနော် ကိုကိုကြီးက မကောင်းဘူး..ထယ်ဟွန်းလေးကြိုက်တာ ဝယ်ကျွေးမယ်နော် မငိုနဲ့တော့"
"ဟုတ်..."
Tae နဲ့ညီလေးကို ပြုံးကြည့်နေသော ဖေဖပါ...ပြုံးနေတဲ့ဖေဖေ့ မျက်ဝန်းမှာ မျက်ရည်တွေနဲ့....
"ဖေ..."
Tae ငိုကာဖက်ထားမိသည်....
"သားတောင်းပန်ပါတယ်..."
"မဟုတ်တာသားရယ် အခုလိုအသက်ရှင်ပေးနေတာကိုပဲ ဖေဖေတို့က ကျေနပ်ပါပြီ"
"လာလာ သားလေးလာ သားလေးကြိုက်တဲ့ဟင်းတွေမေမေချက်ထားတယ်.."
"ဟုတ်မေ...."
..........................
၆ လအကြာ.....
Jungkook သီချင်းတွေဆက်ထွက်ခဲ့သည်...နောက်ပိုင်း အလွမ်းအဆွေးသီချင်းတွေသာပိုများသည်..Begin ဆိုတဲ့သီချင်းလေးကို Tae အကြိုက်ဆုံးပင်....
Tae အကျီဖြူဖြူပေါ် Jungkook ထိုးပေးတဲ့လတ်မှတ်လေးကိုကြည့်ကာ Tae မှာအရမ်းကျေနပ်ရသည်....Tae ကိုကယ်ခဲ့တာ Tae အရူးအမူးသဘောကျတဲ့ အဆိုတော် Jeon Jungkook လို့မေတို့ကိုပြောပြတုန်းကဆို အရမ်းအံ့သြသွားကြသည်...
ပြီးတော့ Jungkook နဲ့ Tae ကိုမေက ရေစက်ရှိတယ်တဲ့....ကံဆိုးမှုကြောင့် လေယျာဉ်ပျက်ကြရပေမယ့် ကံကောင်းမှုကြောင့် Jungkook နဲ့တွေ့ရသည်...Tae ပြောပြပြီးကတည်းက မေဆို ဘုရားရှိခိုးတိုင်း Jungkook ကိုမေတ္တာပို့ပေးသည်...ကျန်းမာချမ်းသာဖို့ လူချစ်လူခင်များဖို့ပေါ့...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-20
Start from the beginning
