Tae ပျော်သွားရသည်...တကယ်ကိုထီပေါက်သလိုပင်...Jungkook သာ ph ဆက်ခဲ့ရင် အဟီး...
"ရေးပေးမှာပေါ့ မြန်မာကို လာလည်ဖြစ်မှာကြောင့်မို့လားဟင်...တကယ်လို့ လာလည်ဖြစ်ခဲ့ရင် ကျွန်တော့်အိမ်ကိုဝင်ခဲ့နော်...အင်ချွန်းလေဆိပ်ကနေ ရန်ကုန်ကိုတိုက်ရိုက်လေယာဉ်စီးလို့ရတယ်...လာရင်နီးနီးလေးရယ်"
Jungkook သူ့ကို မျက်နက်ဝန်းလေးဝင့်ကာ အားတက်သရောပြောနေတဲ့ ကောင်လေးကိုကြည့်ကာ စိတ်ထဲနေလို့မကောင်းတော့...သူမခွဲနိုင်ပေ...မြန်မာနိုင်ငံကို လည်ဖို့တစ်ခါမှမစဉ်းစားမိပါ...သွားဖြစ်ရင်တောင် ကောင်လေးအိမ်ကိုသာ တန်းတန်းမတ်မတ်သွားရန်အတွက်သာဖြစ်ပေလိမ့်မည်...
လောလောဆယ်ကို မခွဲနိုင်တာက ပြဿနာပါ....ဒီကောင်လေး အိမ်မှာမရှိမယ့်ရက်တွေကို တွေးကြည့်လို့တောင်မရ....
"TaeTae ရေ"
"Tae လေး"
"ကလေး..."
ရှေ့ဆင့်နောက်ဆင့် ပန်းစည်းတွေ မုန့်ခြင်းတွေနဲ့ဝင်လာတဲ့ Jin Hyg တို့အုပ်စု....Tae ရော Jungkook ပါလှည့်ကြည့်ကာ
"ဘယ်သူတွေလည်းဟင် Jungkook "
Tae ဆီကအသံကြောင့် လက်ထဲကပစ္စည်းလေးတွေပင်လွတ်ကျကုန်သည်....အားလုံးက Jungkook ကိုကြည့်လာတာကြောင့် Jungkook ခေါင်းရမ်းပြမိသည်....Tae သူတို့ကိုမေ့သွားပြီဆိုတဲ့သဘောပါ...
Tae သူ့ကို ဝမ်းနည်းတဲ့မျက်နှာတွေနဲ့ကြည့်လာတဲ့ အစ်ကိုချောချော ငါးယောက်ကိုကြည့်ကာဘာပြောရမှန်းမသိပေ....
"Jungkook အားတင်းထားပါကွာ...ငါတို့သွားတော့မယ်...သူသတိရလာမှ ငါတို့ဆုံတာကောင်းပါလိမ့်မယ်ကွာ..."
"TaeTae ရယ်..."
Jimin ကစိတ်မထိန်းနိုင်စွာ ငိုသည်...Yoongi Hyg က ပုခုံးလေးဖက်ကာ အခန်းအပြင်ကိုချော့ခေါ်သွားသည်....Jin Hyg လည်းငိုချင်တာကိုထိန်းထားပုံရသည်...Namjoon Hyg က Jin Hyg ကိုဖက်ထားသည်.....Hobi Hyg ရဲ့မျက်လုံးတွေလည်းနီရဲနေခဲ့သည်......သူတို့ယူလာခဲ့တဲ့ပန်းလေးတွေသစ်သီးခြင်းလေးတွေကတော့ ကြမ်းပြင်ပေါ်မှာ ပိုင်ရှင်မဲ့စွာ....
Jungkook ကိုယ်တိုင် Tae ကိုကျောပေးကာ မျက်ရည်တို့သုတ်နေရသည်....တစ်နေ့ သူတို့ကို ဒီကလေးမေ့သွားမှာမှန်းသိနေရက် အမှန်တရားကိုလက်မခံချင်...အားလုံးကလည်း Tae လေးအပေါ်သံယောဇဉ်က မနည်းပေ...
VOCÊ ESTÁ LENDO
💜 I'm Your' Fan 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-20
Começar do início
