"သည်းငယ်...သတိထားပါဦး..."
"............"
"မဟုတ်ဘူး ..မဖြစ်ရဘူး...ကိုကို့ကို အဲ့လိုမထားခဲ့ပါနဲ့..."
Tae ကိုပွေ့ကာ Jungkook ငိုရင်းအော်ဟစ်နေတာသိရသည်...Tae မျက်ခွံတွေလေးလံလာသည်...
"သည်းငယ်...."
...ဟင့်အင်း ကိုကို ခင်ဗျားကိုခွင့်မလွှတ်ဘူးမို့လို့...
Jungkook ပွေ့ထားရက်က ငြိမ်သက်သွားတဲ့ကိုယ်လေးအား ကြည့်ကာ ဆောက်တည်ရာမရ...သည်းထန်စွာအော်ငိုမိသည်....Idol ဆိုတာလည်းဂရုမစိုက်နိုင်...လူတွေဝိုင်းအုံနေတာလည်းဂရုမစိုက်နိုင်...ပင်ပန်းလာပြီမို့...ရင်ခွင်ထဲကကိုယ်လေးကိုပွေ့ထားတာက နောက်ဆုံးအသိပါပင်....
......................
တစ်ပတ်ကျော်ခဲ့ပြီ...
Jungkook ကုတင်ပေါ်က လဲလျောင်းနေတဲ့ဖြူလွှလွှကိုယ်လေးကိုကြည့်နေမိကာ တစ်ချက်လေးမှအကြည့်မလွှဲဖြစ်....ဆေးသွင်းထားရက်လက်လေးကိုခပ်ဖွဖွဆုပ်ကိုင်ရင်း
"သတိရလာပါတော့...ကိုကို့ကို ထုရိုက်ပြီးအပြစ်တင်ပါတော့ ကလေးရယ်...ဘာလို့အဲ့လိုကြီးငြိမ်နေတာလည်း"
Jimin တို့လည်း မျက်ရည်နဲ့မျက်ခွက်နဲ့ သိသိသာသာပိန်ကျသွားသော Jungkook ကိုကြည့်ကာ မျက်နှာမကောင်း...Tae လေးကားတိုက်ခံရတာသိသိချင်းတုန်းကဆို ph တောင်လွတ်ကျသည်...
Jungkook အစ်ကို Eunhan Hyg ပြောမှ Jungkook ပါ Tae လေးကိုပွေ့ထားရက်နဲ့ Heart Attack ရကာမေ့သွားတာတဲ့...Jungkook က ၃ ရက်လောက်မှသတိရလာတာဖြစ်သည်...
Mr.Jeon ဆို သားရော သားမက်ပေါက်စပါ ထိခိုက်တော့ သတင်းကြားကြားချင်းသွေးတောင်တိုးသည်...Lee Soyoon ပယောဂမကင်းဘူးလို့သိရတာနဲ့ သူမကို Korea မှာမနေရအောင်ထိလုပ်ပစ်လိုက်တာဖြစ်သည်...
Jungkook သတိရရခြင်း ငိုပြီး Tae ကိုရှာသည်...Hobi က အသက်ရှင်သေးကြောင်း သတိမေ့နေကြောင်းပြောပြကာ Jungkook ကို Tae ဆီခေါ်လာခဲ့တာဖြစ်သည်....
အခုဆို တစ်ပတ်ကျော်ကာ Jungkook လည်းအနားကမခွာ..ထမင်းတောင်မနည်းကျွေးရသည်....ပျော့ညံ့နေတဲ့မင်းကို မြင်ရတာ Tae လေးသတိရလာရင် စိတ်ကောင်းမှာမဟုတ်ဘူးဘာညာပြောပြီး အစားစားဖို့ချော့ကျွေးရသည်....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-19
Start from the beginning
