"ငါမင်းကိုတစ်ခုခုမလုပ်ခင် ထွက်သွားလိုက် ..သတိပေးလိုက်မယ် သည်းငယ်ကိုထပ်ထိလာရင် သည်းခံမှာမဟုတ်ဘူး...ထွက်သွား"

"မောင် Yoon ကို နှင်ထုတ်စရာမလိုဘူး.... အရင်က မောင်ချစ်ခဲ့တာပဲလေ ...နိုင်ငံခြားထွက်သွားတာလည်း  မောင့်ဖေဖေကြောင့်ပဲ Yoon ဘာအပြစ်များလုပ်မိလို့လည်း...Yoon မောင့်ကိုပဲချစ်တာပါမောင်ရဲ့...မောင်သာပြောင်းလဲသွားတာ...အံ့သြမိတယ် Yoon ကိုသိပ်ချစ်ခဲ့တဲ့မောင်က အခုလိုပြောင်းလဲသွားတာကို...Yoon ဘာမှားလည်းမောင်သေချာစဉ်းစားကြည့်..အဲ့နေ့ကမောင် Yoon ကိုပြန်နမ်းတာပဲလေ"

Jungkook လန့်သွားမိသည် ....သူမတမင်...

"Lee Soyoon ...ထွက်သွားအခု.."

Tae နှလုံးသားလေးလွှင့်ခနဲဖြစ်သွားသလိုခံစားရသည်...ဟိုအစ်မပြောတဲ့ နောက်ဆုံးစကားက...

"သည်းငယ်..."

Tae ဒူးညွှတ်ကျသလိုဖြစ်သွားတာကြောင့် Jungkookက ပြေးပွေ့ကာထိန်းပေးသည်...Tae လက်ကာပြလိုက်ရင်း...

"ရတယ်....အ..အဆင်ပြေတာမို့.."

အသံတွေပါတုန်နေသည်...ငိုချင်တယ်...မွန်းကျပ်သည်...ကိုကိုက သူမကိုစိတ်မှမကုန်သေးတာ...ဒါဆို Tae ကဘာလည်း....

Tae သူ့လက်တွေထဲကရုန်းထွက်မိသည် ....Jungkook မူမမှန်တဲ့ ကောင်လေးမျက်နှာကြောင့်  ထိတ်လန့်မိသည် ....

"သည်းငယ် ကိုကိုရှင်းပြမယ်..."

Jungkook ရုန်းထွက်နေတဲ့ကိုယ်လေးကိုအတင်းဆွဲဖက်ကာပြောတော့

"လွှတ်...လွှတ်ပေး...ဘာမှမရှင်းပြနဲ့"

"မဟုတ်ဘူး သည်းငယ်..."

ပြေးထွက်သွားတဲ့ကိုယ်လေးနောက် Jungkook ပြေးလိုက်မိသည်....Soyoon လည်း ဘာတွေဖြစ်နေမှန်းပင်မသိတော့....

Tae ငိုနေမိသည်...Tae ကိုသူစိတ်ကစားတာ..ဟိုမိန်းမကိုချစ်နေသေးရဲ့နဲ့.....Tae မျက်ရည်တွေနဲ့ဘာမှမမြင်တော့..Jungkook တို့ Ent ရှေ့ကလမ်းပေါ်ပြေးထွက်မိတော့

"ဒုန်း...."

"သည်းငယ်...."

အနောက်ကပြေးလိုက်လာတဲ့ Jungkook အသံကြားပါသည်...Tae လေပေါ်မြှောက်တက်သွားကာ ပြန်အကျ ခေါင်းကသွေးတွေဖြာခနဲ...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now