"သားကြီး...သားရယ် အဟင့်ဟင့်...မေမေတို့လေ သားကို ဆုံးရှုံးရပြီမှတ်တာ...သားဘာတွေဖြစ်နေလို့ မဆက်သွယ်တာလည်းကွယ်..."
Tae လည်းငိုနေကာ
"သားသတိမေ့နေခဲ့တာမေ Korea မှာပဲအခု...သားအခုမှသတိရလို့ မဆက်သွယ်တာပါ...မေ သားတောင်းပန်ပါတယ် ဟင့်..ပြီးတော့ အရမ်းလွမ်းတယ်..."
Jungkook ငိုနေတဲ့ကောင်လေးကို ပုခုံးလေးဖက်ကာ နှစ်သိမ့်မိသည်...
"သားလေးရယ်..."
"သားပြန်လာမှာမေ..သားကိုကယ်ပေးထားတဲ့လူကလေ မေတို့သိရင်အံ့သြသွားမှာ...သားပြန်လာမှသေချာပြောပြမယ်နော် ..ဖေရော ညီလေးရော သားပြန်လာမှာလို့ နော်မေ..."
"အင်းပါ မေမေ့ကလေးရယ်...ဒီဘက်ကိုမပူနဲ့နော်"
"ဟုတ်မေ ဒါဆိုဒါပဲနော် "
Tae ph ချတော့မှသတိထားမိသည်...Jungkook က Tae ကိုဖက်ထားပေးတာကို....Jungkook ကိုကြည့်တော့ ငိုနေခဲ့ပါသည်...
...............
ဖတ်ပေးတဲ့သူလေးတွေကိုကျေးဇူးတင်ပါတယ်နော်....
Unicode......
Tae ထင်သလို Tae ပါးပေါ် သူမလက်တို့ကျမလာပါ...
"မောင်..."
Jungkook အသံသွင်းတာပြီးလို့ ဒီဘက်အခန်းကိုကြည့်မိမှ သည်းငယ်နဲ့ Soyoon ကို တွေ့တာကြောင့် အမြန်ပြေးလာရသည်...သူမနဲ့ဆုံတဲ့ကိစ္စဟာ ကောင်းခြင်းတော့မဖြစ်နိုင်...ဒါတောင် သူမ ရိုက်မလို့ပြင်လိုက်တာကိုတွေ့လို့အချိန်မှီတားနိုင်လို့ပါလား မဟုတ်ရင် သည်းငယ်ကိုသူမရိုက်မိဖို့ လက်တစ်ကမ်းအလိုလေးရယ်ပါ...
"မင်း ဘာလုပ်တာလည်း Lee Soyoon"
Soyoon သူမကို ဒေါသမျက်ဝန်းတွေနဲ့ကြည့်နေတဲ့မောင့်မျက်ဝန်းတွေထဲကို မယုံနိုင်သလိုကြည့်နေမိသည် ..ဒီကောင်လေးကြောင့် မောင်က သူစိမ်းလိုကြည့်လာတာတဲ့လား...
"မောင်..."
"မခေါ်နဲ့ ...ထွက်သွား ကျေးဇူးပြုပြီး"
"မောင်..."
သူမအသားကုန်ကြုံးအော်သည်...Jungkook ဒေါသထွက်စွာကြည့်မိရင်း
ESTÁS LEYENDO
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-19
Comenzar desde el principio
