Jimin တို့လည်း မျက်ရည်နဲ့မျက်ခွက်နဲ့ သိသိသာသာပိန်ကျသွားသော Jungkook ကိုကြည့်ကာ မျက်နှာမကောင်း...Tae လေးကားတိုက်ခံရတာသိသိချင်းတုန်းကဆို ph တောင်လွတ်ကျသည်...
Jungkook အစ်ကို Eunhan Hyg ပြောမှ Jungkook ပါ Tae လေးကိုပွေ့ထားရက်နဲ့ Heart Attack ရကာမေ့သွားတာတဲ့...Jungkook က ၃ ရက်လောက်မှသတိရလာတာဖြစ်သည်...
Mr.Jeon ဆို သားရော သားမက်ပေါက်စပါ ထိခိုက်တော့ သတင်းကြားကြားချင်းသွေးတောင်တိုးသည်...Lee Soyoon ပယောဂမကင်းဘူးလို့သိရတာနဲ့ သူမကို Korea မှာမနေရအောင်ထိလုပ်ပစ်လိုက်တာဖြစ်သည်...
Jungkook သတိရရခြင်း ငိုပြီး Tae ကိုရှာသည်...Hobi က အသက်ရှင်သေးကြောင်း သတိမေ့နေကြောင်းပြောပြကာ Jungkook ကို Tae ဆီခေါ်လာခဲ့တာဖြစ်သည်....
အခုဆို တစ်ပတ်ကျော်ကာ Jungkook လည်းအနားကမခွာ..ထမင်းတောင်မနည်းကျွေးရသည်....ပျော့ညံ့နေတဲ့မင်းကို မြင်ရတာ Tae လေးသတိရလာရင် စိတ်ကောင်းမှာမဟုတ်ဘူးဘာညာပြောပြီး အစားစားဖို့ချော့ကျွေးရသည်....
Jungkook ပြန်ပြောတတ်တာက သူသတိရလာရင် ကျွန်တော့်ကိုစိတ်နာနေမှာတဲ့လေ....
အကြောင်းစုံသိရမှ Lee Soyoon တမင်မွှေသွားတာသိရသည် ....အဲ့တုန်းက Jungkook Tae လေးနဲ့တောင်ချစ်သူမဖြစ်သေးပေ....အားလုံးက ကံစီမံရာပေါ့ ...Tae လေးသတိရလာဖို့ကအားလုံးထက်အရေးကြီးပါသည်....
..........
"အား ကျွတ်..ကျွတ်..."
"ဟင် သည်းငယ်...သည်းငယ် သတိရလာပြီလား"
Jungkook မှေးခနဲဖြစ်သွားရာမှ ညည်းသံသဲ့သဲ့ကြောင့်လန့်နိုးတော့ ကုတင်ပေါ်က ကလေးငယ်က ခေါင်းလေးကိုင်ကာ ညည်းနေခြင်းရယ်ပါ....
"ကျွန်တော် ဘယ်ရောက်နေတာလည်း...အား မေရော..."
ဟင်...
"သည်းငယ်.."
Jungkook နှုတ်ခမ်းလေးတောင်လှုပ်ရုံလေးသာအသံထွက်နိုင်သည်...ကောင်လေးက Jungkook နားမလည်တဲ့စကားနဲ့ပြောနေတာဖြစ်သည်...
"အား ခေါင်းတွေလည်းကိုက်လိုက်တာ"
Jungkook သိလိုက်ပါပြီ...ကောင်လေးအတိတ်ကိုသတိရသွားပြီ..တနည်းအားဖြင့် Jungkook ကိုမေ့သွားပြီဟုဆိုလိုပါသည်....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-19
Start from the beginning
