Tae သူ့လက်တွေထဲကရုန်းထွက်မိသည် ....Jungkook မူမမှန်တဲ့ ကောင်လေးမျက်နှာကြောင့် ထိတ်လန့်မိသည် ....
"သည်းငယ် ကိုကိုရှင်းပြမယ်..."
Jungkook ရုန်းထွက်နေတဲ့ကိုယ်လေးကိုအတင်းဆွဲဖက်ကာပြောတော့
"လွှတ်...လွှတ်ပေး...ဘာမှမရှင်းပြနဲ့"
"မဟုတ်ဘူး သည်းငယ်..."
ပြေးထွက်သွားတဲ့ကိုယ်လေးနောက် Jungkook ပြေးလိုက်မိသည်....Soyoon လည်း ဘာတွေဖြစ်နေမှန်းပင်မသိတော့....
Tae ငိုနေမိသည်...Tae ကိုသူစိတ်ကစားတာ..ဟိုမိန်းမကိုချစ်နေသေးရဲ့နဲ့.....Tae မျက်ရည်တွေနဲ့ဘာမှမမြင်တော့..Jungkook တို့ Ent ရှေ့ကလမ်းပေါ်ပြေးထွက်မိတော့
"ဒုန်း...."
"သည်းငယ်...."
အနောက်ကပြေးလိုက်လာတဲ့ Jungkook အသံကြားပါသည်...Tae လေပေါ်မြှောက်တက်သွားကာ ပြန်အကျ ခေါင်းကသွေးတွေဖြာခနဲ...
"သည်းငယ်...သတိထားပါဦး..."
"............"
"မဟုတ်ဘူး ..မဖြစ်ရဘူး...ကိုကို့ကို အဲ့လိုမထားခဲ့ပါနဲ့..."
Tae ကိုပွေ့ကာ Jungkook ငိုရင်းအော်ဟစ်နေတာသိရသည်...Tae မျက်ခွံတွေလေးလံလာသည်...
"သည်းငယ်...."
...ဟင့်အင်း ကိုကို ခင်ဗျားကိုခွင့်မလွှတ်ဘူးမို့လို့...
Jungkook ပွေ့ထားရက်က ငြိမ်သက်သွားတဲ့ကိုယ်လေးအား ကြည့်ကာ ဆောက်တည်ရာမရ...သည်းထန်စွာအော်ငိုမိသည်....Idol ဆိုတာလည်းဂရုမစိုက်နိုင်...လူတွေဝိုင်းအုံနေတာလည်းဂရုမစိုက်နိုင်...ပင်ပန်းလာပြီမို့...ရင်ခွင်ထဲကကိုယ်လေးကိုပွေ့ထားတာက နောက်ဆုံးအသိပါပင်....
......................
တစ်ပတ်ကျော်ခဲ့ပြီ...
Jungkook ကုတင်ပေါ်က လဲလျောင်းနေတဲ့ဖြူလွှလွှကိုယ်လေးကိုကြည့်နေမိကာ တစ်ချက်လေးမှအကြည့်မလွှဲဖြစ်....ဆေးသွင်းထားရက်လက်လေးကိုခပ်ဖွဖွဆုပ်ကိုင်ရင်း
"သတိရလာပါတော့...ကိုကို့ကို ထုရိုက်ပြီးအပြစ်တင်ပါတော့ ကလေးရယ်...ဘာလို့အဲ့လိုကြီးငြိမ်နေတာလည်း"
VOCÊ ESTÁ LENDO
💜 I'm Your' Fan 💜(Completed)
Fanficဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-19
Começar do início
