............

Tae တစ်ဖက်ခန်းမှာ အသံသွင်းနေတဲ့ ကိုကို့ကိုကြည့်ကာ မုန့်စားလိုက် အအေးသောက်လိုက်နဲ့သာယာ‌နေလေသည်...မှန်တွေပဲခြားထားတာမို့ အကုန်မြင်နေရပါသည်....

"အော် မင်းကို...မောင် Sorry Jungkook ရော"

အခန်းထဲဝင်လာတဲ့ Lee Soyoon က Tae ကိုမြင်တော့ အံ့သြသွားပုံရကာ ချက်ချင်းမျက်နှာကို တည်ပစ်ရင်းမေးလာသည်...Tae စိတ်တိုပါသည်...Tae ရှေ့မို့ သူတမင်ခေါ်ပြနေတယ်လို့ထင်နေရသည်....

"သူ သီချင်းအတွက်အသံသွင်းနေတယ် ဘာကိစ္စရှိလို့လည်း အစ်မ"

"အော် တို့မွေးနေ့အတွက်လာဖိတ်တာ တိုက်တိုက်ဆိုင်ဆိုင် မောင့်ဖေဖေနဲ့ အဲ့လေ Jungkook ဖေဖေနဲ့မွေးလတူနေတယ် အဟင်းဟင်း...အရင်ကဆို သူပဲမွေးနေ့ပွဲလုပ်ပေးနေကျ..အခုတော့တို့ဘာသာလုပ်ရတာပေါ့ "

"သူလာမှာမဟုတ်လို့ မမျှော်ပါနဲ့..."

"ဘာရယ်..."

"ဟုတ်တယ်အစ်မ ကျွန်တော်ပေးမသွားဘူးသူ့ကို..."

Soyoon ဒေါသထွက်ကာ Tae ကိုစူးစူးဝါးဝါးကြည့်ရင်း

"မင်းကများ ငါတို့နှစ်ယောက်ကြားသွေးလာခွဲနေသေးတယ်...မင်းကဘာမို့လို့လည်း..."

"Jungkook ချစ်သူလေ တစ်နည်းအားဖြင့် သူ့သတို့သားလောင်း အစ်မကမှ ဘာဆိုင်လို့လည်း ကျွန်တော့်ကိုကိုနဲ့ ပြီးတော့ အရင်ကပတ်သတ်ဖူးတယ်ဆိုတာ အရင်ကပါ အခုမှမဟုတ်တော့တာ.....ထပ်ပြီး ကျွန်တော့်ချစ်သူကိုမချည်းကပ်ပါနဲ့တော့ သူကျွန်တော့်ကိုပဲချစ်လို့ အစ်မမှာမျှော်လင့်ချက်မရှိဘူး"

"ဘာ ...မင်း..."

Soyoon Tae သောက်နေတဲ့ အအေးဘူးကို ကောက်ယူကာ Tae ကိုပက်ပစ်သည်...Tae တစ်ကိုယ်လုံး လိမ္မော်ရည်တို့နဲ့ ရွှဲကုန်သည်...Tae မဲ့ပြုံးပြုံးကာ

"မောင်လို့လည်း မှားခေါ်သလိုလို အကျင့်ပါသလိုလို မလုပ်ပါနဲ့ အရှက်ရှိရင်ပေါ့"

"မင်း..မင်း..."

Tae ကိုရိုက်ဖို့ မြှောက်တက်လာတဲ့လက်ကြောင့် Tae မျက်လုံးတွေကိုမှိတ်ချပစ်မိသည်....

💜 I'm Your' Fan 💜(Completed)Where stories live. Discover now