Jungkook ကိုကြည့်နေရင်း မျက်ရည်တွေဝေ့တက်လာတဲ့ ကောင်လေးကြောင့် Jungkook ရင်ခွင်ထဲဆွဲဖက်ကာ ကျောပြင်လေးကိုခပ်ဖွဖွပုတ်ပေးရင်း
"ဘာကိုဝမ်းနည်းနေတာလည်း ကလေးရယ်...ဝမ်းမနည်းပါနဲ့ ဘာတွေပဲဖြစ်လာပါစေ ကိုကိုတို့အချစ်နဲ့ကျော်ဖြတ်ကြမယ်နော်"
"ဟုတ်..."
ခေါင်းလေးကိုတဆတ်ဆတ်ညိမ့်ပြလာတဲ့ကောင်လေး
...စိတ်ချပါ ကိုကိုမင်းကိုဘယ်တော့မှလက်မလွှတ်ဘူး သည်းငယ်...
.............
"ရပြီ..."
"သွားလွှင့်ပစ်တော့မလား..."
"ဟုတ်...."
ဒီနေရာလေးက ချစ်သူစုံတွဲတွေ သော့ခလောက်ပေါ်မှာ နာမည်လေးတွေရေးပြီး တစ်ခုနဲ့တစ်ခုချိတ်ကာ သော့လေးတွေ တံတားအောက်လွှင့်ပစ်ကြတဲ့နေရာ...ကျန်တဲ့ သော့ခလောက်လေးတွေကိုတော့ တွဲကာ နာမည်ကတ်လေးတွေနဲ့အတူချိတ်ထားရသည်....
Tae လက်ထဲက နှစ်ခုချိတ်ဆက်ထားတဲ့သော့ခရမ်းရောင်လေးကိုကြည့်မိသည်...တစ်ခုက Tae တဲ့ တစ်ခုက Kook တဲ့..Jungkook ကလည်းပြုံးနေသည်...အခုဆို လွှင့်ပစ်ဖို့ပဲကျန်တော့သည်...
"ကိုကို...."
Tae သူ့လက်ထဲကိုထည့်ပေးတော့ Jungkook က နှုတ်ခမ်းနဲ့ခပ်ဖွဖွနမ်းကာ သွားလွှင့်ပေးသည်...
Tae သော့ခလောက်လေးတွေစုပြုံနေတဲ့အပေါ်ကမှ ချိတ်ထားတဲ့ ခရမ်းရောင်သော့ခလောက်လေး နှစ်ခုကိုကြည့်နေမိသည်...အသည်းပုံကတ်လေးမှာ Tae & Kook ဆိုတဲ့နာမည်လေးက ထင်းခနဲ....
"အခုဆို သည်းငယ်နဲ့ ကိုကိုနဲ့က တစ်ယောက်နဲ့တစ်ယောက်ချည်နှောင်ပြီးကြပြီနော်...ကိုကို့ကို ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ထားမသွားဘူးလို့ကတိပေးပါနော် ကလေးလေး"
"Tae ကတိပေးပါတယ်..ကိုကိုလည်း Tae ဘာပဲဖြစ်ဖြစ် Tae အနားမှာပဲနေပေးပါ"
"ဘယ်တော့မှ ထားမသွားဘူး..."
Tae မျက်ဝန်းလေးတွေထဲထိ နင့်နင့်နဲနဲစိုက်ကြည့်ကာ ပိရိသေသပ်တဲ့နှုတ်ခမ်းပါးလေးက ပြောလာတဲ့ Jungkook စကားကို အကြွင်းမဲ့ယုံကြည်ပါသည်.. ဒီလူသားရှိရင် Tae ဘဝပြည့်စုံပြီမို့လို့...အသက်နဲ့အမျှချစ်ရပါတယ် ကိုကို....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-18
Start from the beginning
