"ဒီနေ့ သွားဖြစ်မှာပါနော်..."

"အဟား..."

သဘောကျစွာရယ်မောမိပြန်ပါသည်.....

..............

"အဲ့ခွက်လေးထဲရောက်အောင်ပစ်နော် သည်းငယ် ဆုတောင်းပြီးရင်"

"ပြည့်တယ်လားဟင်..."

"ဒါပေါ့"

Tae ကိုသူခေါ်လာတဲ့နေရာက ဆုတောင်းပြီး အကြွေစေ့လေးတွေကို ရေလယ်ခေါင်က အဝိုင်းခွက်လေးထဲရောက်အောင်ပစ်ရတဲ့နေရာပဲဖြစ်သည်...ချစ်သူစုံတွဲတွေတိုင်းဒီနေရာကို တစ်ခေါက်တော့လာဆုတောင်းကြသည်ဟုပြောပါသည်...

Jungkook မှာအနက်ရောင်တွေနဲ့ပဲ ရုပ်ဖျက်ထားသည်...Mask ကစအနက်ရောင်...Tae ကတော့သူ့လောက်ရုပ်ဖျက်စရာမလိုပေ...နေ့ခင်းကြောင်တောင်ဆိုတော့ သူ့အတွက်ခက်ခဲနေမှာကို Tae နဲ့အတူဆုတောင်းချင်လွန်းလို့ စွန့်စားပေးတာတဲ့လေ...

အမြဲ Tae အတွက်တွေးကာ သူအကုန်ဖြည့်စည်းပေးတတ်သည်....အပြင်ပန်းကြည့်ရင်သာ မချစ်တတ်ဘူးထင်ရပေမယ့် ..Jungkook ကတကယ်တမ်း သိပ်ချစ်တတ်တဲ့လူသားပါ...Tae ကံအရမ်းကောင်းပါသည်...Jungkook လိုယောကျာ်းမျိုးက Tae ကိုချစ်ပေးနေတာကို ကြည်နူးမိသည်...

Tae ဆုတောင်းပါသည်...သတိပြန်ရရင်တောင် Jungkook ဆိုတဲ့ Tae ချစ်သူကိုမမေ့သွားဖို့ပါ...အကြွေစေ့လေးကိုပစ်ထည့်တော့ ဝင်သွားပါသည်....

"ကိုကို....ဝင်သွားပြီ အဟီး..."

"တော်လိုက်တာ ကိုယ့်ကလေးက.."

ပြုံးကြည့်နေတဲ့ Jungkook လက်လေးကို Tae ဆုပ်ကိုင်ထားမိသည်.. Jungkook က Tae လက်ဖမိုးလေးကိုနမ်းရင်း

"သည်းငယ် ကိုကို့ဆုတောင်းပြည့်မလား မှန်းကြည့်ပေး"

"ပြည့်မှာပါ..."

Jungkook ကမျက်လုံးလေးတွေမှိတ်ကာဆုတောင်းရင်း ပစ်လိုက်တော့ အကြွေစေ့လေးက ဝင်သွားပြန်သည်...

Tae ပျော်သွားတဲ့ သူ့မျက်နှာကိုသဘောကျစွာငေးနေရင်း

"ကိုကို ဘာဆုတောင်းလည်းဟင်..."

"သည်းငယ်ဆုတောင်းတာကို ပြည့်ပါစေလို့"

Tae ရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိပေ...မျက်ရည်တို့ဝေ့လာမိသည်...ရင်ထဲမှာ ကြောက်နေမိပါသည် သူနဲ့ခွဲရမှာကို...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now