Tae သူ့စကားကြောင့် ပိုနေရခက်မိသည်..ဒီလူဟာလေ စိတ်ထဲရှိတဲ့အတိုင်းဘာမှဂရုမစိုက် ..သူတော့ဘယ်လိုနေလည်းမသိပေမယ့် Tae ဘက်ကတော့ ဒီချစ်သူတွေလို ဆက်ဆံရေးကိုအသားမကျသေးပေ...သူ့အနမ်းတွေအောက်မှာ ရှက်ရတုန်း..

"ခနနေ မနက်စာစားပြီးတာနဲ့ တစ်နေရာသွားမယ်"

"Tae ကို ကိုကို့ ရည်းစားလို့သိကုန်..."

"မသိပါဘူးသည်းငယ်လေးရယ် ဖေဖေက ပုံကိုဖုံးထားပေးတယ်..ကိုကို့သတို့သားလောင်းကို Tae ဆိုတဲ့နာမည်ပဲသိကြသေးတာ မျက်နှာလေးကိုမမြင်ဖူးကြသေးဘူး"

"ဟုတ်လား တော်ပါသေးရဲ့..."

Jungkook ပြုံးကာ ခေါင်းလုံးလုံးလေးကို လက်လေးနဲ့ပွတ်သပ်ပေးတော့ Jungkook ဘက်လှည့်ကာ ခါးကိုဖက်တွယ်လာသည်...

"ဒီနေ့ အားလို့လား "

မော့ကြည့်ကာ မေးနေတဲ့ချစ်စရာကောင်လေးကြောင့် Jungkook နှုတ်ခမ်းလေးကိုဖျတ်ခနဲနမ်းကာ

"အင်း သည်းငယ်နဲ့ ကိစ္စနှစ်ခုအတူသွားလုပ်ပြီးတာနဲ့ သီချင်းသွင်းဖို့ရှိတယ်"

"Tae ရောလိုက်ခဲ့လို့ရလား"

"လိုက်ချင်လို့လား ကိုယ့်အလုပ်ဆီကိုလေ...ပြီးရင် ပျင်းနေမယ်"

"ဟင့်အင်း လိုက်ချင်တယ်"

"Ok ဗျာ..."

"ဟီး..."

လိုချင်တာရသွားလို့ပျော်မြူးနေတဲ့ကလေးလေးလို ချစ်စဖွယ် Boxy Smile လေးနဲ့ Jungkook ကိုပြုစားပြန်ပါသည်...

"ချစ်တယ်..."

"ဟုတ်..."

"အာပြန်ပြောလေ ကလေးရဲ့..."

Jungkook ရင်ခွင်ထဲက ကိုယ်လုံးလေးကိုဖျစ်ညှစ်လိုက်ရင်း တောင်းဆိုမိသည်...

"ချစ်တယ် Tae လည်း.."

"ဘယ်သူ့ကို..."

"ကိုကို့ကို..."

"ဘာရယ်..."

"Jeon Jungkook ကို.."

"ဟာကွာ..."

Jungkook ငုံ့နမ်းတော့ မျက်နှာလေးကိုဟိုဒီလှည့်ကာရှောင်သည်...Jungkook ရင်အုပ်ကျယ်ကျယ်ကိုလက်လေးနဲ့တွန်းထားရင်း

💜 I'm Your' Fan 💜(Completed)Where stories live. Discover now