"ကဲပါ သည်းငယ်ရယ် ကိုယ်မှားပါတယ်နော်...တိတ်ပါ..ကိုယ်တောင်းပန်ပါတယ် ကလေးရယ်"
".........."
"သဝန်တိုတာကို ပွင့်ပွင့်လင်းလင်းပြောမှ ကိုယ်ကသိမှာပေါ့..."
"ပြောမှသိမှာလား မပြောပဲသိရမှာကို...သွားကွာ ထွက်သွား...မမြင်ချင်ဘူး"
Jungkook ရင်ဘတ်ကိုလက်လေးနဲ့တွန်းကာ ထွက်သွားခိုင်းနေလေသည်...Jungkook ကောင်လေးကိုယ်လုံးလေးကိုအတင်းဖက်ပစ်ကာ သူပါအုပ်မိုးလိုက်ရင်း ငိုထားလို့မျက်ခွံလေးတွေမို့နေတာကို နှုတ်ခမ်းနဲ့တိုးတိုက်ကာနမ်းမိသည်...
"ဟုတ်ပါပြီ...ကိုယ်အခုကစပြီး မပြောလည်းသိပေးပါမယ်...အဲ့တာကြောင့် မငိုနဲ့တော့နော် ခေါင်းတွေကိုက်လိမ့်မယ် တောက်လျှောက်ငိုထားတာကိုယ့်သည်းငယ်က..."
"ဖယ်..အဲ့တာခင်ဗျားကြီးကြောင့်လေ..."
"ဟုတ်ပါတယ် ဟော့ဒီ Jeon Jungkook ကြီးကြောင့်ပါ...တောင်းပန်ပါတယ် နောက်မအော်တော့ဘူး..ပြီးတော့ လျှောက်လျှောက်မတွေးနဲ့ ကိုယ်သည်းငယ်ကိုပဲချစ်တာသိရဲ့သားနဲ့"
"ချစ်ရင်ငိုအောင်မလုပ်နဲ့လေ.."
"ဟုတ်ပါပြီဗျ...သည်းငယ်လည်း ကိုကို့ကိုချစ်တယ်မလား"
"ဘယ်တုန်းက..."
"ဘာလည်း ဖေဖေ့မွေးနေ့မသွားခင် ကိုကို့ကိုချစ်တယ်လို့ပြောတာ ဘယ်သူလဲ..."
"သရဲနေမှာပေါ့..."
"အင်းဟုတ်လောက်မှာ..ကိုယ့်အိမ်နောက်က အပင်ကြီးကြီးတွေရှိတာဆိုတော့ သရဲလည်းရှိလောက်မှာ"
"Jungkook..."
Tae ကိုသူတမင်စနေတာ ကြောက်တတ်ပါတယ်ဆိုမှ...
"တကယ်ပြောတာ ဟိုတစ်ခါက ကိုယ်ညဆိုတစ်ယောက်တည်းမလား အဲ့တာ ရေချိုးနေတုန်း..."
"Jungkook နော်...တော်ပြီလို့"
Jungkook ရင်ခွင်ထဲက ချစ်စရာမျက်နှာလေးအားကြည့်မိသည်...မျက်ဝန်းနက်လေးတွေကဝိုင်းစက်ကာ ကြယ်လေးတွေပမာတောက်ပနေလေသည်...ဒီကောင်လေးကိုချစ်လိုက်တာ...
စိတ်ထားကောင်းပြီးဖြူစင်လွန်းတဲ့ မြန်မာကောင်လေး...သရဲကြောက်တတ်တဲ့မြန်မာကောင်လေး...ကံကြမ္မာကိုကျေးဇူးတင်မိသည်..နိုင်ငံမတူ..လူမျိုးမတူ..ကိုးကွယ်တဲ့ဘာသာမတူတဲ့ ကောင်လေးနဲ့သူက ကံကြမ္မာကြောင့်သာဆုံစည်းရသည်...ဘာတွေပဲမတူနေပါစေ ဒီကောင်လေးကို Jungkook အသက်တမျှချစ်ပါသည်....
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-17
Start from the beginning
