"သရဲနေမှာပေါ့..."
"အင်းဟုတ်လောက်မှာ..ကိုယ့်အိမ်နောက်က အပင်ကြီးကြီးတွေရှိတာဆိုတော့ သရဲလည်းရှိလောက်မှာ"
"Jungkook..."
Tae ကိုသူတမင်စနေတာ ကြောက်တတ်ပါတယ်ဆိုမှ...
"တကယ်ပြောတာ ဟိုတစ်ခါက ကိုယ်ညဆိုတစ်ယောက်တည်းမလား အဲ့တာ ရေချိုးနေတုန်း..."
"Jungkook နော်...တော်ပြီလို့"
Jungkook ရင်ခွင်ထဲက ချစ်စရာမျက်နှာလေးအားကြည့်မိသည်...မျက်ဝန်းနက်လေးတွေကဝိုင်းစက်ကာ ကြယ်လေးတွေပမာတောက်ပနေလေသည်...ဒီကောင်လေးကိုချစ်လိုက်တာ...
စိတ်ထားကောင်းပြီးဖြူစင်လွန်းတဲ့ မြန်မာကောင်လေး...သရဲကြောက်တတ်တဲ့မြန်မာကောင်လေး...ကံကြမ္မာကိုကျေးဇူးတင်မိသည်..နိုင်ငံမတူ..လူမျိုးမတူ..ကိုးကွယ်တဲ့ဘာသာမတူတဲ့ ကောင်လေးနဲ့သူက ကံကြမ္မာကြောင့်သာဆုံစည်းရသည်...ဘာတွေပဲမတူနေပါစေ ဒီကောင်လေးကို Jungkook အသက်တမျှချစ်ပါသည်....
Tae ကို မျက်တောင်မခတ်ပဲငေးနေတဲ့ Jungkook ကြောင့် Tae ငြိမ်နေလိုက်သည်..သူဘာတွေတွေးနေတာလည်းဆိုတာကို သိချင်လာရသည်...
"ဘာတွေတွေးနေတာလည်းဟင်"
ကောင်လေးအသံကြားမှ Jungkook စဉ်းစားနေရာမှ အသိပြန်ဝင်လာရင်း
"သည်းငယ်ကို နမ်းဖို့"
"အင့်..."
စကားဆုံးတာနဲ့ Tae နှုတ်ခမ်းကိုဖိကပ်နမ်းလာတဲ့ Jungkook ကြောင့် Tae မျက်လုံးလေးတွေမှိတ်မိသွားသည်...Tae ကိုငုံ့နမ်းနေရာကနေ ပက်လက်လှန်ပြီး သူအပေါ်ကနေအုပ်မိုးကာ နမ်းတော့သည်...
Jungkook နမ်းနေရင်း သည်းငယ်ကပြန်မနမ်းတတ်တာသတိရသွားမိသည်...
"ပြွတ်..."
နှုတ်ခမ်းချင်းခွာလိုက်ကာ
"သည်းငယ်...ကိုကိုပြောပြမယ်..."
".........."
Jungkook က Tae နားလေးနားကပ်ကာ လေသံတိုးတိုးနဲ့ပြောလာတဲ့စကားကြောင့် Tae မျက်နှာလေးနီရဲသွားသည်...
"ဟင့်အင်း Tae မှ..."
"ကိုကိုလုပ်သလိုပဲလေ...ဘာမှမခက်ဘူးလေ သည်းငယ်ရယ်"
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-17
Start from the beginning
