လက်ဟန်ခြေဟန်နဲ့ပါ လုပ်ပြရင်း ဝမ်းနည်းပက်လက်ငိုနေတဲ့ကောင်လေးကို Namjoon တို့ခမျာ သနားလည်းသနား ချစ်လည်းချစ်နေရပါသည်...

"အဲ့ခွက်ကို မထိနဲ့ ဆိုပြီး နံရံကိုပေါက်ခွဲပစ်တာ..ဟင့် အဲ့တာက သူ့အချစ်ဦးပေးထားတဲ့ခွက်မှန်း Tae လည်းဘယ်သိမလည်း..အခုသူကအော်တာ..အဲ့ကိစ္စနဲ့ပတ်သတ်ပြီး..အဟင့်ဟင့်...သူ Tae ကိုမချစ်တော့ဘူး အဲ့တာကြောင့်အော်တာ..."

"ကလေးရယ်...Jungkook က ချစ်ပါတယ်ကလေးရဲ့..."

"Tae လည်းသိပေမယ့် အခုအိမ်ကိုလာတာက သူ့အချစ်ဦးကြီးကွာ...ပြီးတော့ အလုပ်မှာလည်း သူနဲ့တွေ့နေရတာကို...Tae ကယောကျာ်းလေးမို့ ဒီလိုသဘောထားမသေးသိမ်သင့်ပေမယ့်..ဟင့် သဝန်တိုတယ်...အနေနီးပြီး ပြန်စိတ်ယိုင်သွားမှာလည်းစိုးတာကို..ဟင့် Jungkook ကနားမလည်ဘူး...အော်ဖို့ပဲတတ်တာ အလကားယုန်စုတ်..."

Jimin တို့မှာ ကလေးဆန်ပြီးမတရားချစ်ဖို့ကောင်းတဲ့ကောင်လေးကို အသည်းတယားယားရယ်...ဘာမှမပြောပဲ ပြုံးပြီးပဲကြည့်နေမိသည်....

Jungkook မှာလည်း Tae ထွက်သွားတာ Hyg တို့ဆီပဲဖြစ်မယ်ဆိုပြီး အနီးဆုံး Jimin တို့အိမ်ကိုလာမှ အိမ်ထဲမဝင်ခင်ကတည်းက အပေါက်မှာတင် ငိုပြီးပြောနေတဲ့ကောင်လေးစကားတွေကိုကြားရတာပဲဖြစ်သည် ..အနီးကပ်ကြည့်နေတဲ့ သူငယ်ချင်းတို့တော့မသိ သူကတော့ အသည်းယားနေရပြီဖြစ်သည်...ဘယ်လိုတောင်ချစ်ဖို့ကောင်းတာလားပဲ..သဝန်တိုတာတဲ့လေ...

"အဲ့စကားတွေက ကိုယ့်ကိုပြောပြရမှာမဟုတ်ဘူးလား ..ဒီမှာလာပြောနေတော့ကိုယ်ဘယ်သိပါ့မလဲ..."

"ဟင် Jungkook"

ငါးယောက်လုံးတစ်လေသံတည်း...

Tae က Jungkook ကိုမြင်တော့ ထပြေးသည်...Jungkook လေလိုအဟုန်နဲ့ Tae အနားရောက်လာကာ လှမ်းဖက်ထားလိုက်ပြီး

"ကျေးဇူးတင်ပါတယ် Hyg..တို့ရေ ကျွန်တော်ခေါ်သွားပြီ.."

ရုန်းကန်နေတဲ့ Tae ကိုပုခုံးပေါ်ထမ်းကာ ဇွတ်ခေါ်သွားတော့သည်

"အမ် နေဦးလေ"

"ချော့ရဦးမယ်ဗျို့ ကျွန်တော့်ချစ်သူလေးကို..."

"ဖယ် လွှတ် မလိုက်ဘူး.."

"ငြိမ်ငြိမ်နေ သည်းငယ်"

" ဟင့်အင်း ပြန်မလိုက်ဘူးလို့...လွှတ်နော် ယုန်စုတ်"

"အေး ခေါ်ထားနော် အဲ့ယုန်စုတ် ယုန်စုတ်နဲ့အိမ်ရောက်မှတွေ့မယ်"

"လွှတ်...လွှတ်ပါဆို"

ဖြန်း....

Tae လန့်ကာငြိမ်သွားသည်...သူ Tae ကိုသူ့ပုခုံးပေါ်ထမ်းခေါ်ရက်တန်းလန်းကို Tae တင်ပါးကိုရိုက်လိုက်တာ...

"တွေ့လား ကိုယ်မရိုက်ချင်ဘူး..ငြိမ်ငြိမ်နေပြုတ်ကျမယ်..."

"........"

ဘာသံမှထပ်ထွက်မလာတဲ့ကောင်လေးကြောင့် Jungkook ပြုံးလိုက်မိသည်....



ယုန်ဆိုးကြီး မုန်လာဥစိုက်ချင်နေပါပြီတဲ့...😁😷

💜 I'm Your' Fan 💜(Completed)Where stories live. Discover now