..............
Tae မီးဖိုထဲလှည့်ပတ်ကြည့်နေတဲ့ Soyoon ဆိုတဲ့ကောင်မလေးကိုကြည့်ပြီး မျက်စိနောက်လာရသည်...Jungkook အချစ်ဦးလို့သူသိထားပါသည်...
"အစ်မ Soyoon ဘာသောက်ချင်လို့လည်း ကျွန်တော်ဘာလုပ်ပေးရမလည်း"
"ဟင့်အင်း မသောက်ချင်ဘူး ..ခွက်တစ်ခွက်ကိုရှာနေတာ"
သူမက သူမအိပ်ထဲက ခွက်တစ်လုံးကိုထုတ်လိုက်ပြီး
"ဒီလိုပုံစံတူခွက်လေးလေ အသည်းတစ်ခြမ်းနဲ့ အဲ့တာတွေ့မိလား မောင့်ကို Sorry Jungkook ကို တို့ပေးထားတဲ့ဟာ"
Tae သူမလက်ထဲကခွက်ကိုကြည့်မိသည်...ဒါအရင်က သူကိုင်လို့ဆိုပြီး Jungkook ဒေါသတကြီးနဲ့လာလုတဲ့ခွက်ပဲ...ဒါက သူမပေးထားတာတဲ့လား...အဲ့တာကြောင့် သူအရမ်းဒေါသထွက်နေခဲ့တာ...
Soyoon မျက်နှာပျက်သွားတဲ့ ရှေ့ကကောင်လေးကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်မိသည် .....သိသွားပါစေ မောင်သူမကိုဘယ်လောက်ချစ်ခဲ့တယ်ဆိုတာကို...
"ဟင့်အင်း မတွေ့မိပါဘူး...ဘာလို့လည်း..."
"အော် ...."
"Lee Soyoon.."
"အော် မောင်..Sorry Jungkook တောင်ပြန်လာပြီပဲ"
"မင်းဘာလာလုပ်တာလည်း"
Jungkook မျက်နှာမကောင်းတဲ့ ကောင်လေးကိုသတိထားမိသည်...သူမကြောင့်ပဲဖြစ်မှာ...
"ဘာမှမဟုတ်ပါဘူး လမ်းကြုံလို့ဝင်လာတာ သွားတော့မယ်နော် တို့ကိုခွင့်ပြုပါဦး..."
...........
"သည်းငယ်..."
"အဲ့တာကြောင့် အဲ့လောက်ဒေါသထွက်တာလား..အဲ့ဒီခွက် သူမပေးထားတာမို့"
"မဟုတ်ဘူး ကိုယ်ရှင်းပြမယ်...ကိုယ်အဲ့နေ့က သူမပြန်ရောက်ပြီလို့ ph ဆက်လာလို့ ph ပေါက်ခွဲပြီးထွက်လာတော့ သည်းငယ်က အဲ့ခွက်သုံးနေတာတွေ့လို့ စိတ်တိုပြီးပြောမိတာပါ"
"ခင်ဗျားတို့ Couple Cup ကို ကျွန်တော်ကိုင်လို့ ဒေါသထွက်တာမလား"
"မဟုတ်ဘူးလို့ ပြောပြီးပြီလေ..."
Jungkook အော်လိုက်တာမို့ Tae ကိုယ်လေးတုန်သွားရသည်...ပြီးပြီးသားကိစ္စပေမယ့် Tae ဝမ်းနည်းပါသည်...သူ့အချစ်ဦးမလား...
YOU ARE READING
💜 I'm Your' Fan 💜(Completed)
Fanfictionဟုတ်တယ် ကျွန်တော်တို့လူမျိုးမတူဘူး ဘာသာမတူဘူး နေထိုင်တဲ့နိုင်ငံမတူဘူး အရာရာကွဲပြားခြားနားပေမယ့် ကောင်လေးကိုချစ်တယ် ... Jeon Jungkook ဘဝမှာလူတွေဟာ တစ်ခါသာကြီးကြီးမားမား ကံကောင်းတတ်ကြတယ်တဲ့ ကံဆိုးမှုကြီးကနေ အကောင်းဆုံးကံကြမ္မာဖြစ်လာမယ်လို့ဘယ်ထင်မှာလည်း...
Part-16
Start from the beginning
