........

Jimin နဲ့ Yoongi ရှေ့က နှာရည်တစ်ရွှဲရွှဲနဲ့ ငိုနေတဲ့ TaeTae ကိုကြည့်ပြီးခေါင်းကိုက်လာရသည်...ဘာမပြောညာမပြောနဲ့ အိမ်ကိုရောက်ချလာကတည်းက ဧည့်ခန်းမှာထိုင်ငိုနေတာ ဘာမှလည်းမေးလို့မရ...ချော့လို့လည်းမရ...

ကြံရာမရသည့်အဆုံး ဟိုသုံးယောက်ပါ Ph ဆက်ခေါ်ထားရသည်...

TaeTae တအားငိုနေတယ်ဆိုလို့ Jin Hyg ရော Namjoon Hyg ရော Hobi ကိုဝင်ခေါ်ပြီး Jimin တို့အိမ်ရောက်လာကြသည်...

ရောက်ရောက်ချင်း ဧည့်ခန်းက ငိုနေတဲ့ TaeTae ရှေ့မှာ ဟိုနှစ်ကောင်သား မျက်နှာက ပြိုတော့မယ့်မိုးလိုပင်...

"ကလေး ဘာဖြစ်တာလည်း"

"Tae လေး ဘာလို့လည်း"

"Jungkook နဲ့ပြဿနာတက်တာလား"

Hobi Hyg ကမေးမှ ခေါင်းငြိမ့်ပြလာသည်...

"ပြောပြဦးလေ ဘာလို့တအားငိုနေရတာလည်းကလေးရဲ့..."

"Jungkook က အဟင့်...Jungkook က "

"အင်း Jungkook က ဘာဖြစ်..."

Jimin က စကားကိုဝင်ထောက်လိုက်သည်...

"Tae ကိုအော်တာ..အဟင့်ဟင့်.."

သူတို့အားလုံးမှာ အံ့တောင်မသြနိုင်..ဒါလေးကို ကလေးမှာတတ်မတတ်ငိုနေတာဆိုပြီး...လူတွေကိုစိတ်ပူရအောင်လုပ်တာမို့ စိတ်ဆိုးချင်သော်လည်း Tae လေးဖြစ်နေတာကြောင့် အပြစ်လည်းမမြင်ရက်ပေ...

"Lee Soyoon.."

Soyoon နာမည်ကြားတာကြောင့် ငါးယောက်လုံးခေါင်းထောင်သွားရသည်...

"Lee Soyoon က အိမ်လာပြီး..ဟင့် မောင့်ကိုသူပေးထားတဲ့ခွက်ရှိလားတဲ့ ..လာပြန်ယူတာ Tae ကိုရှာခိုင်းတာ "

"အဲ့တော့...ဘာ..ဘာဆက်ဖြစ်လည်း ကလေး"

"အဲ့ခွက်ကိုင်မိတုန်းက..အဟင့်ဟင့် Jungkook က ဒေါသတကြီးနဲ့ Tae လက်ထဲကနေ အဲ့ဒီလိုကြီးဆွဲယူပြီး..."

လက်ဟန်ခြေဟန်နဲ့ပါ လုပ်ပြရင်း ဝမ်းနည်းပက်လက်ငိုနေတဲ့ကောင်လေးကို Namjoon တို့ခမျာ သနားလည်းသနား ချစ်လည်းချစ်နေရပါသည်...

"အဲ့ခွက်ကို မထိနဲ့ ဆိုပြီး နံရံကိုပေါက်ခွဲပစ်တာ..ဟင့် အဲ့တာက သူ့အချစ်ဦးပေးထားတဲ့ခွက်မှန်း Tae လည်းဘယ်သိမလည်း..အခုသူကအော်တာ..အဲ့ကိစ္စနဲ့ပတ်သတ်ပြီး..အဟင့်ဟင့်...သူ Tae ကိုမချစ်တော့ဘူး အဲ့တာကြောင့်အော်တာ..."

💜 I'm Your' Fan 💜(Completed)Where stories live. Discover now