Jungkook ကိုမြင်တာနဲ့ Mr.Jeon က ပြုံးကာလက်လှမ်းပြသည်...Camera Man တွေနဲ့ ဖေဖေ့မိတ်ဆွေတွေကြောင့် Jungkook ကို Sky Group ရဲ့သားအဖြစ် တရားဝင်အသိပေးတော့မယ်လို့ခန့်မှန်းရပါသည်...

"အားလုံးပဲ ဒီနေ့ကျွန်တော်အသိပေးစရာလေးရှိလို့ပါ"

စင်ပေါ်တက်ရင်း မိုက်နဲ့ Mr.Jeon ကပြောလာတဲ့အသံကြောင့် ပွဲကငြိမ်ကျသွားကာ အာရုံအားလုံးကစင်ပေါ်မှာသာ...

"Jeon Jungkook ဆိုတဲ့ အဆိုတော်ကောင်လေးက ကျွန်တော့်သားပါဗျာ"

ပွဲထဲကလူတွေမှာ ဟာခနဲဟင်ခနဲ..သူတို့လည်းဘယ်ထင်ထားပါ့မလဲ...Jungkook က Idol ဆိုတော့ နောက်ကြောင်းကိုဖုံးကွယ်ထားတာမလို့ Sky Group ရဲ့မျိုးဆက်လို့မသိကြပေ...

"ဒီနေ့ ကျွန်တော်မွေးနေ့ထက် အရေးကြီးတဲ့ကြေငြာစရာတစ်ခုရှိပါတယ်...ကျွန်တော့်သားရဲ့အနာဂတ်နဲ့လည်းဆိုင်ပါတယ်ဗျာ.."

Jungkook မျက်မှောင်တို့ကြုံ့သွားရင်း စင်ထောင့်က Lee Soyoon ကိုမြင်မှသဘောပေါက်သွားရသည်...အဖြူရောင် Dress နဲ့ Soyoon က ခေါင်းပေါ်မှာသရဖူတောင်ပန်ထားသေးသည်...ဖေဖေက Jungkook ဇနီးလောင်းအဖြစ်ပွဲထုတ်တော့မယ့်သဘောရှိသည်...

တစ်ဆက်တည်း ဖေဖေက Soyoon နဲ့လက်ထပ်သဘောတူတယ်ဆိုတဲ့စကားကိုကြားယောင်သွားရင်း Tae လက်ကိုဆွဲကာ စင်နားသွားမိသည်...

"အဲ့တာကတော့ သားရဲ့မင်္ဂလာသတင်းပဲဖြစ်ပါတယ်"

"ဟာ...ဟင်..."

ပွဲထဲကလူအပေါင်းရဲ့အာမေဋိတ်သံတွေလျှံထွက်လာကုန်သည်...

ထိုစဉ် Jungkook က Tae လက်ကိုဆွဲကာ စင်ပေါ်တက်လာရင်း

"အားလုံးပဲ ခုလိုရုတ်တရက်အသိပေးရလို့ စိတ်မကောင်းပေမယ့် ကျွန်တော် ဟော့ဒီက ကျွန်တော့်သည်းငယ်နဲ့ လက်ထပ်တော့မှာပါ"

"Jungkook..."

Tae လက်ကိုဆွဲကာမြှောက်ရင်း ကြေငြာလိုက်တော့ အားလုံးမယုံနိုင်သလို တအံ့တသြတွေဖြစ်ကုန်ကြသည်...

"Jungkook.."

Tae ခေါ်တာကိုသူမကြားသလိုလုပ်နေသည်...

"ကျွန်တော့်ကို အံ့သြသွားကြမှာပေါ့နော်...လိင်တူချင်းချစ်တယ်ဆိုပြီးလည်းအထင်သေးကြမှာပေါ့..ဒါပေမယ့် အချစ်မှာ ကျားမမခွဲပါဘူး..ကျွန်တော်ချစ်မိတာ ယောကျာ်းလေးဆိုပေမယ့် ကျွန်တော်က ယောကျာ်းတိုင်းကိုမချစ်ပါဘူး ...

💜 I'm Your' Fan 💜(Completed)Where stories live. Discover now